Sagaing News

0 0
Read Time:2 Minute, 7 Second

မုံရွာမြို့အထွက်၌ ကြေးနီတင် စစ်တပ်ယာဉ်တန်းနှင့် ကင်းလှည့် ကားတစ်စီးကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၁

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နတ်လူထိပ်ပန်အနီးတွင် စစ်ကောင်စီ၏ ကြေးနီတင် စစ်တပ်ယာဉ်တန်း နှင့် ကင်းလှည့်ကားတစ်စီး ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Monywa Youth Attack Force – MYF တပ်ဖွဲ့ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် ၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် ကြေးနီတင် ယာဉ် ၄၁ စီး ၊ လုံခြုံရေး လိုက်ပါလာသော သံပြားကာ ကား ၆ စီး နှင့် Jammer ကား ၉ စီးပါ ယာဉ် တန်းကို လူထိပ်ပန်အနီး၌ အသင့်စောင့်ဆိုင်း၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကြေး နီတင် ယာဉ်ပေါ်လိုက်ပါလာသော စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“လက်ရှိထုတ်ပြန်ထားတဲ့အတိုင်းပဲ သိရသေးတယ်။ နောက်ဆက်တွဲ ထိခိုက်သေဆုံးမှု၊ သေတဲ့သူ တွေကို ဘယ်ကို ပို့လိုက်လဲတော့ သေချာမသိရဘူး။ ကျနော်တို့ဘက်က ရဲဘော်တွေ အားလုံး ဘေး ကင်းပါတယ်” ဟု Monywa Youth Attack Force – MYF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

ထို့အပြင် မုံရွာမြို့အတွင်း အိမ်စီးကားဖြင့် ကင်းပတ်လည်သည့် အကြမ်းဖက်စစ်သားများကိုလည်း ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဘာမထီတော်လှန်‌ရေးတပ်ဖွဲ့၊ Yinmarbin District No.9 Regiment ၊ Monywa Undergrown Force နှင့် Monywa Youth Attack Force တပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *