Magway News

0 0
Read Time:1 Minute, 41 Second

စလင်းမြို့နယ်တွင် လျှပ်စစ်မီးတိုင်များ ပြုပြင်ရန်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၁

 

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် လျှပ်စစ်မီးတိုင်များ ပြုပြင်ရန လာရောက်သည့် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF တပ်ဖွဲ့ထံမှ သိရ သည်။

 

ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၇ နာရီက ကပစ ၂၁ သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်မီး တိုင် များ ပြုပြင်ရန် အတွက် စစ်ကားအကြီး ၅ စီး၊ ကားအသေး ၂ စီးဖြင့် စလင်းမြို့နယ် ၊ တညောင် တိုက် နယ် ၊ မကျီးစင်ရွာအနီးသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို နံနက် ၈ နာရီ မိနစ် ၃၀ မှစ၍ တိုက်ခိုက်ခဲ့ရာ ၂ ရက်တိတိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သား ၇ ဦး သေဆုံးခဲ့ပြီး ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၈ နာရီ ၄၂ မိနစ်တွင် ဆိပ်ဖြူမြို့ ဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရဿည်။

 

အဆိုပါတိုက်ခိုက်မှုကို ဒေါင်းစစ်အောင် (LPDF) ၊ စလင်းမြို့နယ် (ပကဖ-ဇုန် ၃) ၊ မင်းဘူးခရိုင် အ မှတ် (၁) တပ်ရင်း၊ မကွေးခရိုင်အမှတ် (၂) တပ်ရင်း၊ မကွေး ပကဖ နှင့် မကွေးတိုင်း ဒရုန်းလက်ရုံး အဖွဲ့တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရဿည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *