စလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ထုတ်ရန် တော်လှန်ရေး ၆ ဖွဲ့ ပူးပေါင်း
သံလွင်မြန်မာသတင်း
မတ်လ ၁
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ထုတ်နိုင်ရန် မြေပြင်ရှိ တော်လှန် ရေးအဖွဲ့ ၆ ဖွဲ့ ပူးပေါင်းလိုက်ကြောင်း ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့ အစည်းအဝေးပြုလုပ်ကာ တပ်ပေါင်းစုအနေဖြင့် စစ်ရေး၊ နိုင်ငံရေး မူဝါဒများကို အပြန်အလှန် လေးစား တန်းဖိုးထားကာ ဘုံရန်သူဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိ ပေးထားသည်။
ထို့အပြင် တော်လှန်အင်အားစု ပြိုကွဲစေသော၊ နှောင့်နှေးစေသော အပြုအမူ၊ အပြောအဆိုများ တစ်ဖွဲ့နှင့် တစ်ဖွဲ့ကြား လုံးဝမပြုလုပ်ရန်၊တပ်ပေါင်းစုတွင် ပါဝင်သည့် တပ်ဖွဲ့ဝင်တိုင်းသည် ရဲ ဘော်ရဲဘက် အချင်းချင်း ရိုသေလေးစားမှုရှိကြပြီး ပြဿနာတစ်စုံတစ်ရာ ပေါ်လာပါက ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှုဖြင့် တပ်ဖွဲ့ခေါင်းဆောင်များမှ အပြစ်ပေး အရေးယူမှုကို ဆောင်ရွက်ရန်နှင့် ထိုအပေါ်တွင်လည်း မည်သည့်အဖွဲ့ကိုမှ မျက်နှာထောက်ဘက်လိုက်ခြင်း မပြုဘဲ ကော်မတီတစ်ခု ဖွဲ့စည်းပြီး ဆောင်ရွက်ရမည်ဟု ဆိုသည်။
တိုက်ပွဲဆောင်ရွက်ရာတွင်လည်းကောင်း၊ စစ်ကြောင်းဖြတ်တောက်ရာတွင်လည်းကောင်း တပ်ပေါင်း စု အနေဖြင့် ပူးပေါင်းဆောင်ရွက်သည့် အချိန်တွင်ဖြစ်ပေါ်လာမည့် အကျိုးအမြတ်၊ အဆုံးအရှုံးများကို လက်ခံ၍ သာတူညီမျှ ခွဲဝေအသုံးပြုပြီး သတင်းထုတ်ပြန်ချိန်တွင်လည်း တပ်ပေါင်းစုတွင် ပါဝင်သော တပ်ဖွဲ့များနှင့် ညှိနှိုင်းထုတ်ပြန်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဖွဲ့ဝင်တပ်ရင်း၊ တပ်ဖွဲ့များမှ ရဲဘော်များသည် အရပ်သားပြည်သူများကို ခြိမ်းခြောက်ခြင်း၊ မောက် မာ ရိုင်းစိုင်းစွာ ပြောဆိုခြင်းများ ပြုလုပ်ခဲ့ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ရပ်ရွာထဲ သေရည်သေရက်သောက်သုံး၍ သေနတ်ဖောက်ခြင်း ကို ထိရောက်စွာ အရေးယူအပြစ်ပေးရမည်ကြောင်း၊ မဟာမိတ်တပ်ဖွဲ့ဝင်များအချင်းချင်း နားလည်မှု၊ လွဲမှားမှုရှိပါက လက်နက်ဖြင့် ဖြေရှင်းခြင်း လုံးဝမပြုရကြောင်း စည်းကမ်းသတ်မှတ်ထားသည်။
တိုက်ခိုက်ရေးအဖွဲ့များအနေဖြင့် မိမိတို့ တာဝန်ယူထားသော နယ်မြေမှအပ တခြားအဖွဲ့အစည်း တာဝန်ယူထားသော နယ်မြေအား စစ်ရေးမစ်ရှင် ဖော်ဆောင်ခြင်း(သို့) မိမိတို့အဖွဲ့မှ လုပ်ဆောင်ရန် ကိစ္စများရှိပါက လက်ရှိတာဝန်ယူထားသော နယ်မြေခံအဖွဲ့အား အကြောင်းကြားရမည်ဖြစ်ပြီး အဖွဲ့ အချင်းချင်း ရဲဘော်များနားလည်မှုလွဲသည့် ကိစ္စရပ်များဖြစ်ပေါ်လာပါက ခိုက်ရန်ဒေါသမဖြစ်ပွါးဘဲ မြေပြင် မဟာမိတ်တပ်ပေါင်းစု၏ စည်းလုံးညီညွတ်ရေး ရေရှည်တည်တံ့စေရန် တာဝန်ရှိသူများမှ အချင်းချင်း မျက်နှာစုံညီ ဖြေရှင်းပေးရမည်ဖြစ်ကြောင်း စည်းကမ်းသတ်မှတ်ချက်တွင်ပါရှိသည်။
မြို့နယ်အခြေစိုက် တိုက်ခိုက်ရေးအဖွဲ့များ အနေဖြင့် မိမိတို့ အဖွဲ့များသာ နယ်မြေအပိုင်ဟု နယ်မြေစွဲ စိတ်ဓာတ် များမရှိရပဲ လက်ရှိနယ်မြေတာဝန်ယူထားသော အဖွဲ့သာလျှင် နယ်မြေတာဝန်ခံ ဖြစ်ရ မည်ဖြစ်ကြောင်း၊ အဖွဲ့များအနေဖြင့် မြို့နယ်အခြေစိုက်လှုပ်ရှားမည့်အဖွဲ့များရှိလာပါက နယ်မြေခံ အဖွဲ့များ ဘုံ သဘောတူညီချက် ဖြင့်သာ ညှိနှိုင်းဆွေးနွေးလက်ခံသွားရမည်ဖြစ်ကြောင်း အသိပေး ထားသည်။
ယာယီတည်းခိုနယ်မြေသစ်သွားရန် မဟာမိတ်အဖွဲ့များ လက်ခံထားရှိပါက ဖြစ်လာသမျှ ကိစ္စအဝဝ ကို လက်ခံထားသော အဖွဲ့အစည်းမှ တာဝန်ယူ ဖြေရှင်းရမည်ဖြစ်ပြီး စစ်ကူခေါ်ယူခြင်း၊ နီးစပ်ရာ မဟာမိတ်များ ပူးပေါင်း၍ စစ်ရေးမစ်ရှင် ဖော်ဆောင်ခြင်းများ ရှိလာပါက အဖွဲ့ တာဝန်ခံအား တိုက် ရိုက်ဆက်သွယ်ပြောကြားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ ပူးပေါင်းသည့်အဖွဲ့အစည်းများမှာ မင်းဘူးခရိုင် တပ်ရင်း ၁ ၊ မင်းဘူးခရိုင် တပ်ရင်း ၅ ၊ ဗမာ့တပ် တော် အမှတ် ၇၀၇ တပ်ရင်း ၊ ဒေါင်းစစ်အောင် LPDF ၊ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ နှင့် Salin Local PDF တပ်ဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media