Karenni State News

0 0
Read Time:2 Minute, 29 Second

မိုးဗြဲမြို့ခလရ ၄၂၂ တပ်စခန်းကို တိုက်ခိုက်မှု ၂ လအတွင်း စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၃ ဦး ထက်မနည်း သေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၁

 

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၄၂၂ တပ်ရင်းကို တိုက်ခိုက် မှု ၂ လအတွင်း စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၃ ဦးသေဆုံးခဲ့ကြောင်း အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ထံမှ သိရသည်။

 

ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင် စီ၏ ခလရ ၄၂၂ တပ်ရင်းကို အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၅ ဦး သေ ဆုံးခဲ့ကြောင်း၊ ၂ တာတိုက်ခိုက်များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၃ ဦး သေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၂ တာတိုက်ခိုက်မှုအတွင်း စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၃ ဦးသေတာပါ၊ ဒီရက်ပိုင်းတိုက်ပွဲတွေ မှာလည်း စစ်ကောင်စီတပ်သားတွေ အကျအဆုံးများပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကလည်း ၄ ဦးကျဆုံးထားပါတယ်” ဟု အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ အကြမ်းဖက် စစ်သားများသည် မိုးဗြဲမြို့ကို ပြန်လည် ထိန်း ချုပ်နိုင်ရေး အတွက် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲပြင်းထန် နေကြောင်း၊ သို့သော်လည်း အကြမ်းဖက်စစ်သားများမှာ အထိနာပြီး ထိုးဖောက်နိုင်ခြင်းမရှိပဲ ပြန် လည်ဆုတ်ခွာသွားကြောင်း သိရသည်။

 

အဆိုပါ မိုးဗြဲမြို့ကို အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ၊ PDF ၊ KNDF ၊ တပ်ပေါင်းစုများက ခုခံတိုက်ခိုက်နေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး မြင့် မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *