Mandalay News

0 0
Read Time:3 Minute, 0 Second

ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်သို့ထွက်လာသော စစ်ကြောင်းနှင့် စခန်းချရာနေရာများကို တိုက် ခိုက်မှု စစ်သားများထိခိုက်သေဆုံးမှုရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၈

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်သို့ ထွက်လာသော စစ်ကြောင်းနှင့် စခန်းချရာ နေရာများကို တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း TGYR – Youth Guerilla Counter Revolution – NZ ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီက ငါန်းဇွန်မြို့မှ အင်းအား ၁၀၀ ခန့်ဖြင့် မြို့သာမြို့ဘက်သို့ ထွက်လာရာ ငလွန့်ကျေးရွာအနီးအရောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ Fixed Wings Drone ၁ စီး ဖြင့် 700.g ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ထို့နောက် မွန်းလွဲ ၂ နာရီခန့်တွင် မြို့သာမြို့စက်မှုဇုန်ဟိုတယ်နှင့်ဂေါကွင်းနေရာတို့တွင် စခန်းချနေထိုင်ကြခဲ့ကြသဖြင့် ယင်းနေရာ ၂ ခုကို Fixed Wings Drone ၂ စီး ဖြင့် ထပ်မံ၍ 700.g ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး ၈၀ မမ လက်နက်ကြီး ၂ လုံးဖြင့်လည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“လက်ရှိစစ်ကြောင်းက မြို့သာစက်မှုဟိုတယ်နဲ့ ဂေါက်ကွင်းထဲမှာ တပ်စွဲထားတာ၊ အတွင်းမှာထဲမှာပဲ တပ်စွဲထားတာဆိုတော့ ထိခိုက်သေဆုံးမှုက စုံစမ်းလို့မရသေးဘူး။” ဟု TGYR – Youth Guerilla Counter Revolution – NZ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို TGYR-Youth Guerrilla Counter Revolution-NZ (TGYR-Drone Team) နှင့် ငါန်းဇွန်မြို့နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိသော်လည် အတိအကျသိရှိရခြင်းမရှိသေးကြောင်း သိရသည်။

 

အလားတူ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်လည်း ယင်းအကြမ်းဖက်စစ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ အတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ လည်း ဒရုန်းများ ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

 

ငါန်းမြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်တပ်က ပြည်သူကိုပစ်မှတ်ထားသကာ လေကြောင်းဖြင့် တိုက်ခိုက်မှုများ အဆင်မပြတ် လုပ်ဆောင်နေသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်း သတိ၊ အသိရှိ စွာနေပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *