International News

0 0
Read Time:2 Minute, 23 Second

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ – CRPH ကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေး ဆိုင်ရာ အာစီယံပါလီမန်အဖွဲ့တို့ တွေ့ဆုံ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၈

 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH ကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေး ဆိုင်ရာ အာစီယံပါလီမန်အဖွဲ့တို့တွေ့ဆုံခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ -CRPH က ထုတ်ပြန်သည်။

 

ဖေဖော်ဝါရီလ ၂၆ ရက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ – CRPH အတွင်းရေးမှူး အဖွဲ့ဝင် ဦးထွန်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီ မန် အမတ်များအဖွဲ့ (ASEAN Parliamentarians for Human Rights – APHR)၏ ဥက္ကဋ္ဌ Hon. Mercy Chriesty Barends ၊ ပူးတွဲ ဥက္ကဋ္ဌ Hon. Charles Santiago နှင့်အဖွဲ့တို့ ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့သို့ တွေ့ဆုံမှုတွင် တော်လှန်ရေးကာလ၏ လွှတ်တော်လုပ်ငန်းစဉ်များ သတ္တမအကြိမ် ကြားကာ လ ပြည်ထောင်စုလွှတ်တော်ကျင်းပ ပြီးစီးမှုအပါအဝင် တော်လှန်ရေးကာလ နိုင်ငံရေးသဘောတူညီ ချက် ပူးတွဲထုတ်ပြန်မှုများ ၊ တော်လှန်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ ၊ အာဆီယံဘုံသဘော တူညီချက် ၅ ချက်နှင့် ပတ်သက်သည့် လက်ရှိ ဥက္ကဌအဖြစ် ဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ အ ခန်း ကဏ္ဏများအပေါ် ချည်းကပ်ဆောင်ရွက်သင့်သည့် အချက်များအား အမြင်ဖလှယ်ဆွေးနွေးခဲ့ ကြောင်း သိုရသည်။

 

ထို့အပြင် အာဆီယံနိုင်ငံလွှတ်တော်များနှင့် ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်း ပူးတွဲဆောင်ရွက်နိုင်မယ့် အလားအလာများကို အမြင်ဖလှယ်ခဲ့ကြောင်း သိရသည်။

 

ယင်းတွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ – CRPH နိုင်ငံတကာ ဆက်ဆံ ရေး ကော်မတီအဖွဲ့ဝင်များဖြစ်သော ဦးစည်သူမောင် နှင့် ဦးအာကာမျိုးထက် တို့လည်း ပါဝင်ဆွေး နွေးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *