Sagaing News

0 0
Read Time:4 Minute, 43 Second

ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာနှင့်ချောင်းမကျေးရွာကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ဖြင့် ပစ်ခတ်ကာ မြေပြင်မှ စစ်ကြောင်းထိုးစီးနင်းတိုက်ခိုက်မှု အတွင်း အသက် ၁၂ နှစ်အရွယ် မိန်း ကလေး ၂ ဦး အပါအဝင် စုစုပေါင်း ၁၂ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၇

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာနှင့်ချောင်းမကျေးရွာကို စစ်တပ်က လေကြောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မြေပြင်မှ စစ်ကြောင်းထိုးစီးနင်းတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေး ၂ ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -CHUPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၂၅ ရက် မွန်းတည့် ၁၂ နာရီခန့်က ချောင်းဦးမြို့တွင်းသို့ အနောက်မြောက် တိုင်းစစ် ဌာန ချုပ် -နမခမှ အင်အားဖြည့်တင်းထားသော စစ်သားများနှင့် မြပုလဲဂိတ်မှ စစ်သားများ ပူး ပေါင်း ကာ နွယ်ခွေကျေးရွာနှင့် ချောင်းမကျေးရွာတို့ကို စစ်ကြောင်းထိုးလာပြီး ဝေဟင်မှ ဂျက်ဖိုက် စီးဖြင့် ပထမဆုံးအကြိမ်ကျေးရွာအတွင်း ဗုံးကျဲချခဲ့ကြောင်း၊ ထိုနောက် နမခမှ တက်လာသော စက်တပ် လေထီး (ပါရာမိုတာ) ၂ စီးဖြင့် ထပ်မံဗုံးကျဲချသည့်အပြင် မြေပြင်စစ်ကြောင်းမှလည်း လက်နက်ကြီး များ ဖြင့် ပစ်ခတ်ကာ တပြိုင်တည်းဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ စီးနင်းတိုက်ခိုက်မှုအတွင်း အသက် ၁၂ နှစ်ဝန်းကျင်အရွယ် မိန်းကလေး ၂ ဦးအပါအဝင် အမျိုး သမီး ၇ ဦး ၊ အမျိုးသား ၃ ဦး နှင့် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့မှ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၃ လုံး လုံးဝပြို ကျပျက်စီးမှုအပါအဝင်စုစုပေါင်း နေအိမ် ၁၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

 

“လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုမှာတင် အမျိုးသမီး ၇ ဦး၊ အမျိုးသား ၃ ဦးသေတယ်၊ အမျိုး သမီး ၇ ဦးမှာအသက် ၁၂ နှစ်ဝန်းကျင် မိန်းကလေး ၂ ဦးပါတယ်၊ တခြားနယ်ကနေ ဧည့်သည်ရောက် နေသူလည်းပါတယ်၊ နေအိမ်တစ်လုံးဆိုရင် လေယာဉ်ပေါ်ကနေ ချတဲ့ ဗုံးကျပြီး မိသားစုတစ်စုလုံး သေတယ်၊ နေအိမ်လည်း တခြမ်းလုံး ပြိုကျပျက်စီးတယ်။ ပကဖ တပ်ဖွဲ့ဝင်က ၂ ဦးကျတယ်၊ စစ် ကြောင်းဝင်ရောက်မှုတစ်ခုလုံး စုစုပေါင်း ၁၂ ဦးသေတာ၊ နေအိမ် ၃ လုံးက လုံးလုံးပျက်စီးတယ်၊ အမိုး လန်တာ၊ တခြားထိခိုက်ပျက်စီးမှုတာတွေက ၈ လုံးလောက်ရှိတယ်။” ဟု ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ -CHUPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်သားများ ဝင်ရောက်စီးနင်းခဲ့သည့် နွယ်ခွေကျေးရွာနှင့်ချောင်းမကျေးရွာသည် ချောင်း ဦးမြို့နှင့် ၁ မိုင်ခန့်သာ ကွာဝေးပြီး စစ်ကြောင်းစတင်ထွက်စဉ်ကတည်းကပင် မြပုလဲဆီဆိုင်ဂိတ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းလုပ်ဆောင်ကာ မြေပြင်မှ လည်း အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ စီးနင်းတိုက်ခိုက်မှု ကြောင့် ကျေးရွာနေပြည်သူ အမြောက်အများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရ သည်။

 

ချောင်းဦးမြို့နယ်၊ ချောင်းမကျေးရွာသည် အိမ်ခြေ ၁၀၀ ခန့်နှင့် ချောင်းမကျေးရွာ သည် အိမ်ခြေ ၄၀၀ ခန့်ရှိသည့်ကျေးရွာများဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဝင် ရောက်စီးနင်းချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာပကဖအဖွဲ့ဝင်အနည်းခန့်သာ ကျေးရွာအ နီးပတ်ဝန်းကျင်၌ ရှိနေ ချိန်ဖြစ်ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၅ ရက် ညနေပိုင်းတွင် ပြန်လည် ဆုတ် ခွာသွားပြီး ညပိုင်းအထိ မြပုလဲဂိတ်မှ လက်နက်ကြီးများဖြင့် ဝင်ရောက်စီးနင်းခဲ့သည့် နွယ်ခွေကျေး ရွာ နှင့် ချောင်းမကျေးရွာ တို့ဘက်သို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *