Sagaing News

0 0
Read Time:3 Minute, 14 Second

မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်း စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်လက်အောက်ခံရဲ ၁၁ ဦးသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၇

 

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ MRTV အသံလွှင့် တာဝါတိုင်ကုန်း (ဗောဓိတစ်ထောင်) စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်လက်အောက်ခံရဲ ၁၁ ဦးသေဆုံးပြီး လက်နက် ၁၀ လက်နှင့် ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းက မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်ရှိ စစ်တပ် လက်အောက်ခံ ရဲအင်အား ၁၇ ဦးဖြင့် ထိန်းချုပ်ထားသော MRTV အသံ လွှင့် တာဝါတိုင်ကုန်း (ဗောဓိ တစ်ထောင်) စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၁၁ ဦး သေဆုံးခဲ့ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် စခန်းကုန်းအတွင်းမှ ရဲများကိုင်ဆောင်သောအသုံးပြုသော G-3 အမျိုးအစား သေနတ် ၅ လက်၊ Uzi အမျိုးအစေားသေနတ် ၃ လက်၊ M-79 အမျိုးအအစား သေနတ် ၂ လက်၊ G-3 ကျည် ၂၅၇၀ တောင့်၊ 9mm ကျည် ၂၁၂၈ တောင့်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ကျည်အိမ် ၆ ခုနှင့် TV ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခမှ Paramotor ၂ စီး၊ တံတားဦး လေ တပ်မှ Mi-35 ၁ စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့ပြီး အမတ-၅၀၈ မှ ၁၀၅ မမ၊ ၁၂၀ မမ တို့ဖြင့် ၁၄ ကြိမ်ခန့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“ဗောဓိတာကုန်းတာဝါတိုင်စခန်း သိမ်းခံရတာ၊ အောက်ကနေ ပစ်ကူလည်းပေးတယ်၊ အပေါ်ကနေ Mi35 နဲ့နဲ့လည်းလာကူတယ်။ ဗောဓိကုန်းနားမှာ ပတ်ဝဲနေတာ။ လက်နက်ကြီးတွေပစ်တာက မြို့ပေါ် ရပ်ကွက်ထဲအထိ ကျတယ်။ ထိခိုက်ပျက်စီးမှုကတော့ မသိရဘူး ၊တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက် ကတော့ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်” ဟု မုံရွာမြို့နေ ပြည်သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုဖြင့် မုံရွာခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ မုံရွာ ခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ချောင်းဦးမြို့နယ်အခြေပြု စုဖွဲ့မှုစစ်ကြောင်း၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂ ဒရုန်းတပ်ဖွဲ့ (GTR)၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ဒရုန်းအဖွဲ့၊ BLDF ပူးပေါင်းအဖွဲ့တို့မှ  တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *