ချင်းပြည်ကောင်စီနှင့် ကြားကာလချင်းအမျိုးသားကောင်စီတို့ ပူးပေါင်းပြီး ချင်းအမျိုးသားကောင်စီ အဖြစ် ဖွဲ့စည်းရန် သဘောတူ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၇
ချင်းပြည်နယ်တွင် အကွဲအပြဲ ဖြစ်ခဲ့သည့် ချင်းပြည်ကောင်စီနှင့် ကြားကာလချင်းအမျိုးသား အတိုင် ပင်ခံကောင်စီတို့ အကြား ပေါင်းစည်းလိုက်ပြီး ချင်းအမျိုးသားကောင်စီအဖြစ် ပြန်လည်ဖွဲ့စည်းရန် သဘောတူလိုက်ကြောင်း အဆိုပါ နှစ်ဖွဲ့စလုံးက ထုတ်ပြန်ကြေညာလိုက်သည်။
ချင်းပြည်နယ်မှ ချင်းတိုင်းရင်းသား ပြည်သူများအတွက် ကောင်စီ ၂ ခုရှိနေခြင်းမှာ မဖြစ်သင့်ဟု နှစ် ဖက် လက်ခံယုံကြကြသဖြင့် ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင် ပင်ခံ ကောင်စီ (ICNCC) တို့က ကောင်စီအသစ်အဖြစ် ပေါင်းစည်းရန်သဘောတူညီခဲ့ကြကြောင်း၊ ယင်းကောင်စီ ၂ ခုပူးပေါင်းကာ ချင်းအမျိုးသားကောင်စီ(Chin National Council ) ဖွဲ့စည်းရန် သ ဘောတူညီခဲ့ကြောင်း နှစ်ဖက်စလုံးက ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ထို့ပြင် ချင်းအမျိုးသားကောင်စီအမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသားဖွဲ့စည်းပုံ အ ခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန်သဘော တူညီထားကြောင်း သိရသည်။
ချင်းပြည် (Chinland) ကောင်စီသည် နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းဖြစ်ပြီး ယင်းချင်းပြည်ကောင်စီ လက်အောက်တွင် ချင်းအမျိုးသားတပ်ဦး (CNF/CNA) ၊ PDA – Tedim ၊ CDF -–Matupi တပ်မဟာ ၂ ၊ CDF – Lautu ၊ CDF – Tongzang ၊ CDF – Zotung၊ CDF – Hakha ၊ CDF / CDM SIYIN၊ CDF – KKG၊ CDF – Mara ၊ CDF – Paletwah ၊ CDF – Zanniatram နှင့် Mindat Council စသည့် ချင်းပြည် နယ်အခြေပြု လက်နက်ကိုင်အဖွဲ့များ ပါဝင်ကြောင်း သိရသည်။
ကြားကာလချင်းအမျိုးသားကောင်စီ (ICNCC) တွင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ZFU / PDF – Zoland၊ CDF – Mindat ၊ CDF – Kanpalet ၊ CDF -–Matupi တပ်မဟာ ၁ ၊ MTC/ MDF စသည့် ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်ကြောင်း သိရသည်။
Thanlwin Myanmar Media