Bago News

0 0
Read Time:1 Minute, 52 Second

သဲကုန်းမြို့ပေါ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦး ပွဲချင်းပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၇

 

ပဲခူးတိုင်း၊ သဲကုန်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် သား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PPDF ထံမှ သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီခန့်က သဲကုန်းမြို့၊ တယ်သီးပင်ရပ်ကွက် ဆရာအတတ် သင် (၁) လမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့်က ကြာမြင့်ခဲ့ပြီး စစ်သား ၄ ဦး ပွဲချင်းပြီး သေ ဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၆၀၁ – PPDF ၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၅ ရဲဘော်များမှ ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် စစ်ရေးအရှိန်မြှင့်တင်လာပြီဖြစ်သောကြောင့် မိဘပြည် သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူတကွနေထိုင်ခြင်း၊ လမ်းပြခြင်း ၊ ကား ၊ ဆိုင်ကယ်တို့ ငှားရမ်းခြင်းများ မပြုလုပ်ကြပါရန် အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *