Magway News

0 0
Read Time:4 Minute, 19 Second

ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသော စစ်သား ၂၃ ဦး ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၆

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၃ ဦးကို လက်နက်ခဲယမ်းများကို ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ် ရေးတပ် – အရှို တပ်ဖွဲ့ (CDF – Asho) ထံမှ သိရသည်။

 

ငဖဲမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ် ကာကင်း စခန်းများကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက် ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်သားများ စခန်း စွန့် ထွက်ပြေးလျက်ရှိကြောင်း၊ ထိုသို့ ထွက်ပြေးလာသော စစ် ကောင်စီတပ်ဖွဲ့ဝင်များကို နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့် အကွာရှိ တောတွင်းတနေရာ၌ ပိတ်ဆို့ ဖမ်းဆီးခဲ့ရာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၃ ရက်အတွင်း ၂၃ ဦးအရှင်ဖမ်းမိခဲ့ ကြောင်း သိရသည်။

အရှင်ဖမ်းမိသည့် စစ်ကောင်စီတပ်သား ၂၃ ဦးနှင့်အတူ MA 1 အမျိုးအစားသေနတ် ၁၃ လက်၊ MA 2 အမျိုးအစား သေနတ် ၁ လက်၊ MA- 3 အမျိုးအစား သေနတ် ၃ လက်၊ MA-11 အမျိုးအစားသေနတ် ၂ လက် ၊ MA – 5 အမျိုးအစားသေနတ် ၁ လက် စုစုပေါင်း လက်နက်ငယ် ၂၀ လက်၊ လက်ပစ်မိုင်း ၁၈ လုံး၊ EY သီး ၁၂ လုံး၊ ကျည်အတောင့် ၄၀၀၀ ကျော်နှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“ဖမ်းဆီးရရှိတဲ့သူတွေကို သေချာ အသေးစိပ်မေးမြန်းရတာတော့ မရှိသေးပါဘူး။ သူတို့ရဲ့စခန်းတွေ အနီးမှာ တိုက်ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြေးလာတဲ့ သဘောဆောင်ပါတယ်။ ပြန်လည်ခုခံ တာမျိုးတော့ မရှိပေမယ့် အသာတကြည်အဖမ်းခံတာမျိုး၊ ပူးပေါင်းတာမျိုးတော့ မဟုတ်ပါဘူး။ ကျ နော် တို့က နယ်မြေပိုပြီးတော့ ကျွမ်းကျင်တဲ့အတွက်ကြောင့်မို့လို့ လက်ဦးမှုရယူပြီးတော့ တားဆီး ပိတ်ပင်ဖမ်းဆီးရတာမျိုးဖြစ်ပါတယ်” ဟု ချင်းကာကွယ်ရေးတပ် – အရှို တပ်ဖွဲ့ (CDF – Asho) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းက ပြောကြားသည်။

 

နတ်ရေကန်ဒေသအနီးတစ်ဝိုက်အတွင်း တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင် များ အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင် ပူးပေါင်းကြ ပါရန် ချင်းကာကွယ်ရေးတပ် – အရှိုက တိုက်တွန်းအပ်ပါသည်။

 

“အခုရက်ပိုင်းတွေမှာ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေ တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တချို့က မတိုက်ချင်ဘူးဆိုပြီးတော့ အသံထွက်နေတဲ့ စကစတွေ လည်းရှိတယ်။ ပြီးတော့ သူတို့လည်း သေမှာကြောက်တယ်လို့ပဲ ပြောရမှာပေါ့၊ ရှေ့တန်းကို မဖြစ်သာ လို့သွားနေရတယ်။ လစာရမှာကြောင့်သွားနေရတယ်။ တပ်ရင်းမှာ မိန်းမတွေကျန်နေခဲ့လို့ သွားနေရ တယ်ဆိုတဲ့ ပုံစံမျိုးစုံ၊ အကြောင်းပြချက်မျိုးနဲ့တော့ရှိကြတယ်။ ဒါပေမယ့် ကိုယ့်အသက်ရှင်ကျန်ချင် တယ်။ ကောင်းမွန်စွာနဲ့အလင်းဝင်ကြတယ်ဆိုရင် ပြည်သူကလည်း သာကြည်မှာဖြစ်လို့၊ တော်လှန် ရေးအဖွဲ့တွေနဲ့လည်းအနီးကပ်ဆုံးသူတို့က ရှိတယ်။ ကျနော် ခဏခဏပြောနေသလိုပဲ သူတို့လည်း လိုင်းလည်းသုံးတယ်၊ Facebook လည်းသုံးတယ်၊ ဖုန်းတွေလည်းအသုံးပြုခွင့်ရတဲ့အတွက်ကြောင့် မို့ ဆက်သွယ်ရေး ဒီလောက်တိုးတက်နေတဲ့ခေတ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေကို ယုံကြည်စွာနဲ့ ဆက်သွယ်ပြီးတော့ အလင်းဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု  ချင်းကာကွယ် ရေးတပ် – အရှို တပ်ဖွဲ့ (CDF – Asho) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းက ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *