Bago News

0 0
Read Time:1 Minute, 48 Second

ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာ မြစ်ကမ်းဘေးကင်းပုန်းဝပ်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၆

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာ မြစ်ကမ်းဘေး၌ ကင်းပုန်းဝပ်နေသော စစ်သား များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၈ နာရီ ၁၅ မိနစ်က ရေတာရှည်မြို့နယ်၊ နှောပင်ထိပ်ပေါက် ကျေးရွာ၌ အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော စစ်သားများအနက် စစ်သားအချို့သည် နှောပင် ကျေးရွာ အရှေ့မြစ်ကမ်းပါးအနီး၌ ကင်းပုန်းဝပ်နေခဲ့ကြောင်း သိရသည်။

ထိုသို့ ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် စစ်တောင်းမြစ်ဝှမ်း အတွင်း နယ်မြေရှင်းလင်းရေး ကင်းပတ်နေသော ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၃၅၀၄ – ပုဝါနီ စစ်ကြောင်းမှ ရဲဘော်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ ၂၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး တော်လှန်ရေးတပ် ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ခိုက်ခံရပြီး နောက် စစ်ကောင်စီတပ်မှ နှောပင်ကျေးရွာအတွင်း အင်အားထပ်မံဖြည့်တင်းကာ ဖြန့်ကျက်နေရာယူထားကြောင်း တပ်ရင်း ၃၅၀၄ – ပုဝါနီစစ်ကြောင်း က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *