Bago News

0 0
Read Time:4 Minute, 6 Second

နတ်တလင်းမြို့နယ်၊ ညောင်လေးပင်ရွာတွင် လူငယ်များကို ဖမ်းဆီးပြီး ငွေတောင်းကာ ပြန်လွှတ်ပေး နေသည့် ပျူစောထီးခေါင်းဆောင် နေဝင်း ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံး ၊ ပြည်သူတစ်ဦးလည်း ကျည်မတော်တဆ ထိမှန်သေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၆

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ညောင်လေးပင်ရွာတွင် လူငယ်များကို ဖမ်းဆီးပြီး ငွေတောင်းကာ ပြန်လွှတ်ပေးနေသည့် ပျူစောထီးခေါင်းဆောင် နေဝင်းကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေ ဆုံးသွားပြီး ၎င်းကို ပစ်ခတ်ဖမ်းဆီးစဉ် အရပ်သားပြည်သူ ၁ ဦးလည်း မတော်တဆကျည်ထိမှန် ကာ သေဆုံးသွားကြောင်း Phonex DF တပ်ဖွဲ့မှ ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၆ နာရီ ၄ မိနစ်က နတ်တလင်းမြို့နယ်၊ အရှေ့ဘက် ညောင် လေးပင်ရွာမှ စစ်တပ်ထောက်တိုင် ပျူစောထီးခေါင်းဆောင် နေဝင်း အား ပဲခူးတိုင်းစစ်ဌာန၊ သာယာ ဝတီ ခရိုင်၊အမှတ် ၁ တပ်ရင်း (P23801) ၊ တပ်ခွဲ ၂ – Phoenix DF ရဲဘော်များမှ ၎င်း၏နေအိမ်တွင် သွားရာက် ဖမ်းဆီးခဲ့ရာ အသာတကြည်အဖမ်းခံခြင်းမရှိပဲ ထွက်ပြေးသွားကြောင်း သိရသည်။

 

ထိုသို့ ထွက်ပြေးသွားမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ပျူခေါင်း ဆောင်နေဝင်း၏ ခြေထောက်ကို ကျည်ဖောက်ဝင်သွားခဲ့ပြီး အနီးအနားတွင် အရက်သောက်နေသူ အရပ်သား ပြည်သူ ညိုမဲကိုလည်း ကျည်ဖောက်ဝင်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

“သူ့အိမ်ကို ဝင်ပြီး သူ့မိန်းမကို မေးနေတဲ့အချိန်မှာ ပျူခေါင်းဆောင်နေဝင်းက အိမ်ထဲဝင်လာတာ၊ အဲဒီအချိန်မှာ ကျနော်တို့ ရဲဘော်တွေကို မြင်လို့  ထွက်ပြေးသွားတဲ့အချိန်မှာ ပစ်ခတ်ဖမ်းဆီးရင် ခြေထောက်တံကောက်ကွေးကို ကျည်ဖောက်ဝင်သွားတယ်၊ အဲဒီကနေမှ အနီးအနားမှာ အရက် သောက်နေတဲ့ ပြည်သူလည်း ထိမှန်သွားတာ၊ ပျူခေါင်းဆောင်နေဝင်းကတော့ ၅ ချက်လောက် ပစ် ခတ်ဖမ်းဆီးခဲ့ရတယ်။ သူလည်း သေသွားတယ်။ ပျူခေါင်းဆောင်နေဝင်းဆီက ပစ္စည်းတွေ သိမ်း ဆည်းရရှိခဲ့တာမရှိဘူး။ သူ့မိန်းမကိုတော့ ဘာမှ မလုပ်ခဲ့ပါဘူး။ ပျူခေါင်းဆောင်နေဝင်းသားက လည်း ပျူစောထီးပဲ။ သားအမိနှစ်ယောက် ပစ္စည်းတွေယူပြီး ထွက်ပြေးသွားကြပြီ” ဟု Phonex DF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

သေဆုံးသူ ပျူစောထီးခေါင်းဆောင် နေဝင်းသည် စစ်မှုထမ်းရန် လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီး ၍ ငွေတောင်းကာ ပြန်လွှတ်ပေးခြင်း၊ ပြည်သူများ သွားလာလုပ်ကိုင်စားသောက်နေ သော ဆိုင်ကယ် များ အား ခြိမ်းခြောက်ဖမ်းဆီး၍ အကြောင်းအမျိုးမျိုးပြကာ ငွေညှစ်ခြင်း၊  တော်လှန်ရေးတပ်ဖွဲ့များ ၏ သွားလာလှုပ်ရှားမှုများကို စုံစမ်း၍ စစ်ကောင်စီထံ သတင်းပေးပို့ခြင်းတို့အပြင် ၎င်းကိုယ်လည်း စစ်ကောင်စီ စစ်ကြောင်းများနှင့်အတူလိုက်ပါကာ ပြည်သူများကို ဖမ်းဆီးခြင်း၊ နေအိမ်များမီးရှို့ခြင်း၊ ပြည်သူပိုင်ပစ္စည်းများ ခိုးယူခြင်း၊ ဖျက်ဆီးခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း အသိပေးထားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်သား၊ ရဲ ၊ ပျူစောထီးများနှင့် စစ်တပ် ထောက်တိုင်များ ကို အခါအခွင့်သင့်လျှင် သင့်သလို တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် ထိ ခိုက်မှုမရှိစေရန် ၎င်းတို့အနီးတစ်ဝိုက် သွားလာနေထိုင်ခြင်း မပြုကြပါရန် တိုက်တွန်းမေတ္တာရပ်ခံ ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *