Sagaing News

0 0
Read Time:2 Minute, 18 Second

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ နှင့် အမှတ် ၅၀၈ အမြောက်တပ်ထဲသို့ ရော့ကတ်အလုံး ၁၀၀ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး အဆောက်အအုံ ၁ လုံးမီးလောင်ပျက်စီး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၅

 

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် အမှတ် ၅၀၈ အမြောက် တပ်ရင်းအတွင်းသို့ ရော့ကတ်အလုံး ၁၀၀ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး အ ဆောက်အအုံ ၁ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် – SAF က သတင်း ထုတ်ပြန်သည်။

 

ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၃ နာရီ ၅ မိနစ်က မုံရွာမြို့ အခြေစိုက်၊ အနောက်မြောက်တိုင်း စစ် ဌာန ချုပ် – နမခ သို့ Rocket အလုံး ၇၀ နှင့် အမှတ် ၅၀၈ အမြောက်တပ်ရင်း (အမတ ၅၀၈) ထဲ သို့ Rocket အလုံး ၃၀ စုစုပေါင်း Rocket အလုံး ၁၀၀ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ အမတ ၅၀၈ အတွင်းသို ပစ်ခတ်မှုအတွင်း အဆောက်အဦး ၁ လုံး ထိခိုက်၊ မီးလောင် ပျက်စီးကာ ည ၁၀ နာရီ အချိန်အထိ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရှိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ PACMPT ၊ ယင်းမာပင်ခရိုင် အမှတ် ၃၇ တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၉ တပ်ရင်း၊ NAA DF (Khin U) ၊ ဘုတလင် mobile Team၊ Budalin Guerrilla Force ၊ မုံရွာမြိုနယ် ပလဖ တာဝန်ခံ (ပစ်တိုင်းထောင် အဖွဲ့) ၊ မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်း တပ်ခွဲ ၄ ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တိုက်နယ် ၅) တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကျောင်းသားလက်ရုံးတပ်တော် – SAF အနေဖြင့် “ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်ဆီသို့” ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *