Sagaing News

0 0
Read Time:3 Minute, 16 Second

မင်းကွန်းတိုက်နယ်၊ လက်ပံရွာရှိ နေအိမ် အလုံး ၁၀၀ ခန့်ကို သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ဝေပုလ္လ (ဆန်းသစ်) အဖွဲ့က မီးရှို့ဖျက်ဆီး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၅

 

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်၊ လက်ပံရွာရှိ နေအိမ် အလုံး ၁၀၀ ခန့်ကို သင်္ကန်းဝတ် ပျူစော ထီးခေါင်းဆောင် ဝေပုလ္လ (ဆန်းသစ်) အဖွဲ့မှ ၃ ကြိမ်ခွဲ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း မင်းတိုက်နယ် သတင်း မှန်ပြန်ကြားရေးထံမှ သိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက် ညနေ ၆ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှ အိမ်စီးကား ၂ စီးဖြင့် စစ်ကိုင်းမြို့သို့ ပြန်လာသော စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်း ဆောင် ရွှေကျားနှင့်အဖွဲ့အား စစ်ကိုင်း – မင်းကွန်းလမ်းပေါ် လက်ပံကျေးရွာ အထွက်၌ Road to Mandalay အဖွဲ့သားများနှင့် ပြည်သူ့အစေခံတပ်ဖွဲ့တို့ ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရ သည်။

 

ထိုသို့ ပစ်ခတ်ရှင်းလင်းခံရမှုကြောင့် စစ်ကိုင်းမြို့မှ အကြမ်းဖက်စစ်သားများနှင့် သင်္ကန်းဝတ် ပျူစော ထီးခေါင်းဆောင် ဝေပုလ္လ (ဆန်းသစ်) ဦးဆောင်သော ပျူစောထီးများက လက်ပံရွာကို ၃ ကြိမ်တိုင် တိုင် ဝင်ရောက်မီးရှို့ခဲ့ကြောင်း၊ ထိုသို့ဝင်ရောက်မီးရှို့ရာတွင် ပြည်သူအချို့လည်းဖမ်းဆီးခံရပြီး ကျေး ရွာနေ ပြည်သူများ စစ်ဘေးရှောင်နေခဲ့ကြရကြောင်း သိရသည်။

“ရွှေကျားနဲ့အဖွဲ့ တိုက်ခိုက်ခံရပြီးတော့ ၃ ကြိမ်ခွဲပြီး မီးရှို့သွားတာပါ၊ ဘယ်နေ့၊ ဘယ်ရက်တွေရှို့သွား တယ်လို့ အတိအကျပြောပြဖို့က ခက်ခဲပါတယ်။ အိမ်ခြေ ၁၀၀ လောက်မီးလောင် ပြာကျသွား တာပါ။ ပြည်သူတွေကတော့ တိမ်းရှောင်နေကြရတာပါ။ အခုတော့ တစ်ချို့ ပြန်ဝင်နေကြတဲ့သူတွေ လည်းရှိ ပါတယ်။ ဝင်ပြီးမီးရှို့တဲ့အချိန်ကတချို့ဖမ်းဆီးမှုတွေရှိပေမယ့် နောက်ပိုင်းပြန်လွတ်လာ ကြပါတယ်။” ဟု မင်းကွန်းတိုက်နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်း ဆောင်ရွှေကျားသေဆုံးပြီးနောက် သင်္ကန်းဝတ် ဝေပုလ္လ (ဆန်းသစ်)မှ ပျူစောထီးများကို ဦးဆောင်ကာ စစ်ကိုင်းမြို့နယ်အတွင်းရှိ ပြည်သူများကို စစ်မှုထမ်းရန်ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ခြိမ်းခြောက်အနိုင် ကျင့်ခြင်းတို့လုပ်ဆောင်နေကြောင်း သိရသည်။

 

“အခုကာလက စစ်ရေးအရှိန်မြှင့်တဲ့ကာလဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ စကစ ဘက်တော်သား တွေနဲ့ အတတ်နိုင်ဆုံးဝေးဝေးနေဖို့နဲ့ စစ်ရေးအသိ၊ သတိရှိကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု မင်းကွန်း တိုက်နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *