Read Time:1 Minute, 2 Second
ကဗျာကဏ္ဍ “အောင်ကြူကြူ မေတ္တာ”
ပျိုးကြဲလက်
တပါးသူ ဆိုစကားက
မုဒိမ်းဓားပြ လူသတ်ကောင် ။
မေတ္တာတော် အနန္တနဲ့
ချစ်ရတဲ့အောင် ။
ကံခေလှတဲ့ ဝရမ်းမောင်
သမိုင်းတွင်အောင် ရန်ခ ။
မယ့်ချစ်လင် မှိုင်းမတယ်
ကြူကြူဘဝ ။
သျှောင်နောက်မှာ ဆံထုံးလိုက်တော့
နှစ်ခြိုက်ပေါ့ မောင့်အိမ်သူ ။
အကြင်နာ ရင်မှာခလို့
ချစ်ရပေါ့ကြူ ။
မလိုသူတို့ တပူပူ
ပြည်သူစေ အသာထား ။
ကြူကြူသာ ထာဝရ
အောင်ရဲ့မယား ။
ကျွန်ခံကာ ပြည်ဖျက်တဲ့
ရဲမက်က အောင်ကြူကြူ ။
ရင်ဝကို ဓားထက်ထက်နဲ့
ထိုးနှက်တဲ့သူ ။
လူယုံသတ်လို့ နလံမထူ
အောင်ကြူကြူ မမေ့ဘူး ။
သေလမ်းနဲ့ သုံ့ပန်းဘဝမှာ
ခံရစ်ကြဦး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် မွန်းတည့် ၁၂ နာရီ ၅၆ မိနစ်
Thanlwin Myanmar Media