ရေတာရှည်မြို့နယ်၊ ကျွန်းတောကုန်းရွာ၌ တပ်စွဲထားသော စခန်းကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၅
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွန်းတောကုန်းကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တော်ဝင်လျှပ်စီးစစ်ကြောင်းထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက် ည ၁၀ နာရီ ၄၇ မိနစ်က ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အ နောက် ဘက်ကမ်း ၊ ရေတာရှည်မြို့နှင့် ကပ်လျက်နေရာတွင်ရှိသော ကျွန်းတောကုန်းကျေးရွာ၌ အင်အား ၂၀ ခန့်ဖြင့် ဝင်ရောက်တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုသည် မိနစ် ၁၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ် သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသည့် အကြမ်းဖက်စစ်သားများကို ရေတာ ရှည်မြို့သို့ သယ်ဆောင်သွားစဉ် လမ်း၌ ၁ ဦးသေဆုံးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို RTC စစ်ကြောင်း နှင့် RTC – UG ပြောက်ကျားရဲဘော်များ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
ရေတာရှည်မြို့နယ်တွင် စစ်ရေးအခြေအနေတင်းမာဆဲဖြစ်ပြီး မိဘပြည်သူများ အနေဖြင့် အကြမ်း ဖက် စစ်ကောင်စီ တပ်သားများနှင့် နီးစပ်ရာနေရာများတွေ မနေထိုင်ကြရန်နှင့် အသွားအလာ မလုပ် ကြရန် တိုက်တွန်းမေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media