Read Time:59 Second
ကဗျာကဏ္ဍ “သွေးချင်းတို့မြေ”
ပျိုးကြဲလက်
နွေအကူးမှာလ
ပုရစ်ဖူး ညှာတံချီလို့
ခါတော်မီ လေပွေရိုင်းငယ်နဲ့
အုံမှိုင်းတဲ့ ရာသီ ။
ညှင်းသွဲ့သွဲ့လေ ရာသီအပြောင်းမှာဖြင့်
ညှာညောင်းဝါရွက်ခြေလို့
ငှက်ကျေးအထွေထွေ တွန်သံကျူးတာက
မြူးလို့ညံစီ ။
သံသရာ ဝဲဂယက်အထမှာဖြင့်
မြန်မာ့မှာ ပွဲထွက်မလှပါဘု
အာဏာလောဘ အကြောထပြန်တော့
ပျက်ရတဲ့ နွေပန်းချီ
ဘေးအလီလီ ပိုမြဲ
သွေးတညှီညှီ စိုရွဲ ။
ရွှေမြေမှာ နိုင်ငံခြားရယ်က
ကိုးစားစရာ တယ်မဟုတ်ပေဘု
သူပုန်ယုတ်ကို ညီနောင်အားရယ်နဲ့
ကိုယ့်တရား ကိုယ်စီရင်လို့
ပြည်တခွင် ရာဇဝင် မညှိုးရအောင်
ကြိုးပမ်းဆကဲ ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၉ ရက် ည ၁၀ နာရီ ၅ မိနစ်
Thanlwin Myanmar Media