စစ်ပွဲရှုံးနိမ့်ပြီး စခန်းစွန့်ခွာထွက်ပြေးသော စစ်ကောင်စီတပ်သားများအနေဖြင့် အသက်ဘေးလွတ်မှ လွတ်မြောက်ရန် ကစဉ့်ကလျားထွက်ပြေးခြင်းမပြုပဲ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပေးကြပါ ရန် တိုက်တွန်း
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၄
စစ်ပွဲရှုံးနိမ့်ပြီး စခန်းစွန့်ခွာထွက်ပြေးကြသော စစ်ကောင်စီတပ်သားများအနေဖြင့် အသက်ဘေးမှ လွတ်မြောက်ရန် ကစဉ့်ကလျားထွက်ပြေးခြင်းမပြုပဲ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပေးကြပါ ရန် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ -ACDF က တိုက်တွန်း ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်းက အမ်း – ပဒါန်းလမ်းပိုင်းတွင် အသက်ဘေးမှ လွတ်မြောက်ရန် က စဉ့်ကလျားထွက်ပြေးနေသည့် စစ်ကြောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့် နေ ရာ အား နယ်မြေရှင်းလင်းစဉ် MA1 အမျိုး အစား သေနတ် ၁ လက် ၊ အီကွေမန့် ၁ စုံ ၊ လက် ပစ်ဗုံး သီး ၁ လုံး ၊ ကျည်ဘောက် ၅ ခု နှင့် ကျည်ဆံ ၁၁၅ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုကို အထက်မင်းလှ ပကဖ၊ အရှိုချင်းကာကွယ်ရေးတပ်နှင့် ပြည်သူ့လွတ်လပ် ရေးတပ်တော်တို့၏ ပူးပေါင်း ရွေ့လျားစစ်ကြောင်းတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ အောက်ခြေ စစ်ပြေးများသည် အမ်း ပဒါန်းလမ်းတလျှောက်တွင် အသက်ဘေးမှ လွတ်မြောက်ရန် မျိုးစုံဖြင့် ကြိုးစားကာ ထွက်ပြေးနေကြသည့် အခြေအနေကို လက်တွေ့ မြင်တွေ့ နေရပြီး ဖက်ဆစ်စစ်ခေါင်းဆောင်တို့၏ အကျိုးအတွက် ပေးဆပ်ရန် မယုံကြည်၍ ထွက်ပြေးသော် ငြားလည်း စစ်ဝါဒ၏ မှိုင်းသွင်းမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များကိုပါ အမြင်မှားလျက် ကြောက် လန့်ကာ ပြန်လည်ပစ်ခတ်ကြသဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ထိန်းသိမ်း ပစ်ခတ်ကာ တုံ့ပြန် တိုက်ခိုက်နေရကြောင်း အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ -ACDF ကပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်သားများ အနေဖြင့် ရှေ့ဆက်၍ စစ်စခန်း စွန့်ခွာလိုပါ က တော်လှန်ရေးတပ်ဖွဲ့များအား နည်းမျိုးစုံဖြင့် ဆက်သွယ်၍ဖြစ်စေ၊ ဆက်သွယ်ရန် စစ်ကောင်စီမှ ဖုန်း၊ အင်တာနက် စသည်တို့အား ပိတ်ဆို့ အဆက်အသွယ်ဖြတ်ထားသဖြင့် တော်လှန်ရေးအဖွဲ့များ အား ဆက်သွယ်မရပါက ထွက်ပြေးလာစဉ် မြေပြင်တွင် ထိတွေ့ချိန် အလံဖြူ အချက်ပြ၍ ဖြစ်စေ၊ အသံပြု၍ဖြစ်စေ တော်လှန်ရေးတပ်ဖွဲ့များ ပြည်သူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ထိခိုက်မှု အန္တရာယ် တစ်စုံတရာ မဖြစ်စေရန် လုပ်ဆောင်ကြပါရန် အသိပေး တိုက်တွန်းထားသည်။
Thanlwin Myanmar Media