စေတုတ္တရာမြို့နယ်တွင် တောင်သူများ စုဝေးနေထိုင်သော တဲစုကို စစ်တပ်က လေထီးဖြင့် ဗုံးကြဲ တိုက်ခိုက်မှု အသက် ၃ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၄
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ မုံညှင်းကျေးရွာအနီးရှိ တောင်သူများ စုဝေးနေထိုင်သည့် တဲစုကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၃ နှစ်အရွယ် ကလေး ၁ ဦးအပါ အဝင် ပြည်သူ ၈ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၃ နာရီ ၁၄ မိနစ်က တစ်ကြိမ်၊ ၃ နာရီ ၁၈ မိနစ်က တစ်ကြိမ် မကွေးလေတပ်မှ တက်လာသော စက်တပ် လေထီး – Paramortor များဖြင့် စေတုတ္တရာမြို့နယ် ၊ မုံ ညှင်းကျေးရွာအနီးရှိ မင်းလမ်းယာတဲစု (တောင်သူများ စုဝေးနေထိုင်ရာ တဲအိမ်စု) ကို ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မကွေးလေတပ်ကနေ တက်လာတဲ့ လေထီးတွေပါ၊ အဲဒီနေရာက တောင်သူတွေ ယာလုပ်ရင်း နေ ကြတဲ့ မိသားစုတွေပါ၊ တဲအိမ်စုလေးတွေက ကပ်ကပ်လေးတွေ၊ ဗုံးသီး ၃ လုံးချသွားတာ၊ ၃ နှစ် အရွယ် ကလေး ၁ ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၈ ဦးသေတယ်။ ၅ ဦးဒဏ်ရာရတယ်၊ နွား ၂၄ ကောင်လည်း ထိခိုက်သေဆုံးတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
ထိုသို့ ဗုံးကျဲတိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေး ငယ် ၁ ဦးအပါအဝင် ပြည်သူ ၈ ဦးသေဆုံး ကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ၊ ထို့အပြင် ပြည်သူများမွေးထားသော နွား ၂၄ ကောင်လည်း ထိခိုက်သေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media