Bago News

0 0
Read Time:2 Minute, 59 Second

လက်ပံတန်းမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲဖမ်းဆီးနေသူ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး၊ လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၄

 

ပဲခူးတိုင်၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီး နေသူ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခဲ့ရာသေဆုံးသွားပြီး လက်ပစ်ဗုံး ၂ လုံး သိမ်း ဆည်း ရရှိခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၈ နာရီ ၁၀ မိနစ်က လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင် သန်းဦး နှင့် နောက်လိုက်ပျူ ၁ ဦး၊ ရာအိမ်မှူး ၁ ဦးတို့သည် လက်ပံတန်းမြို့ဘက်သို့ ဆိုင်ကယ် စီးကာ ထွက်လာစဉ် လွှစင်ကုန်းတာဆုံအရောက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး (ပျူခေါင်းဆောင်) သန်းဦး သေ ဆုံးသွားပြီး ကျန်သူများ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ရှင်းလင်းမှုကြောင့် သေဆုံးသွားသော သန်းဦးထံမှ လက်ပစ်ဗုံး ၂ လုံး၊ ငွေသားကျပ် ၁ သိန်း၊ ဆိုင်ကယ် ၁ စီး၊ စည်းတံဆိပ်တုံး ၂ ခု၊ မှတ်ပုံတင်၂ ခု၊ စစ်မှုထမ်း ရမည့် အမည်စာရင်းပါ စာ ရွက် စာတမ်းများ နှင့် အခြားစာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သန်းဦးသည် စကစ လက်အောက်ခံ ပျူအဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး လူငယ်များအား စစ်မှုထမ်းရန် ဖိအားပေးလူစုခြင်း၊ စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေ ကြေးများ အတင်းအကြပ်ကောက်ခံခြင်း၊ ၎င်းကောက်ခံသည့် ငွေမပေးသူများကို စစ်တပ်ခေါ်ကာ ဖမ်းဆီးခိုင်းခြင်း၊ စကစမှ ထုတ်ပေးထားသည့် လက်ပစ်ဗုံး နှင့် သေနတ်ပြကာ ပြည်သူများအား ခြိမ်း ခြောက်၍ အကြောင်းအမျိုးမျိုးပြကာ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေတာကြောင့် အရေးယူရ ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

အဆိုပါ စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နှင့်တပ်ခွဲ ၂ ရဲဘော်များ ပူးပေါင်း ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများဖြင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စကစနှင့် စကစ ထောက်တိုင်များအနီး သွားလာနေထိုင် ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် အသိပေးထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *