မင်းကင်းမြို့နယ်၊ သင်တောရွာအနီး၌ တိုက်ပွဲဖြစ်ပြီး စစ်သား၊ ပျူစောထီး ၃ ဦးထက်မနည်း သေဆုံး ပြီး ၁ ဦးအရှင်ဖမ်းမိ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၃
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သင်တောရွာအနီး၌ တိုက်ပွဲဖြစ်ပြီး စစ်သား၊ ပျူ စော ထီး ၄ ဦး ထက်မနည်းသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက် နံနက်ပိုင်းက မင်းကင်းမြို့နယ်၊ တောင်ဖြူရွာ၊ ပန်းဆက်ရွာနှင့် ကျောက်ခဲတက်ရွာတို့မှ စစ်သား၊ ပျူစောထီးများ ပူးပေါင်းကာ အင်အား ၁၀၀ ကျော်ြဖင့် သင်တော ကျေးရွာဘက်သို့ စစ် ကြောင်းထိုး ဝင်ရောက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၄ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ကစဉ့်ကလျား ထွက်ပြေးသွားကြောင်း သိရသည်။
ယင်းတိုက်ပွဲသည် တနေကုန်နီးပါးကြာမြင့်ခဲ့ပြီး အထိနာသွားသော အကြမ်းဖက်စစ်ကောင်စီတပ်က ညနေ ၄ နာရီအချိန်တွင် ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၃ တပ်ရင်း တပ်ခွဲ ၂ – Mahauurar Dragon PDF ၊ မဟူရာ ကျားကျေးရွာ ပကဖ ၊ မင်းကင်း Local ယူနီယံတပ်ပေါင်းစု ၊ သင်တော Local PDF အဖွဲ့များနှင့် အခြားသော ဒေသကာကွယ်ရေးအဖွဲ့အစည်းများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar