Mandalay News

0 0
Read Time:1 Minute, 56 Second

မိတ္ထီလာမြို့ပေါ်တွင် စစ်ကောင်စီအလိုက ပေါ်တာဆွဲဖမ်းဆီးရာတွင် နာမည်ကြီး စည်းခုံကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်မင်းဦး ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၃

 

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ပေါ်တွင် စစ်ကောင်စီအလိုကျ ပေါ်တာဆွဲဖမ်းဆီးရာတွင် နာမည်ကြီးသူ စည်းခုံကြီးရပ်ကွက်အုပ်ချုပ်ရေး ဇော်မင်းဦး ပစ်ခတ်ခံရပြီသေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် များထံက သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၈ နာရီကျော်က မိတ္ထီလာမြို့ ၊ ပခုက္ကူတိုက်တန်း ရမ်းကြီးလက် ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်ထိုင်သောနေသာ စည်းခုံကြီးအုပ်ချုပ်ရေးမှူး ဇော်မင်းဦးကို အမည် မသိတော်လှန်ရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံး သွားကြောင်း သိရသည်။

သေဆုံးသူ စည်းခုံကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်မင်းဦးသည် အကြမ်းဖက်စစ်ကောင်စီ အလိုကျ မြို့ပေါ်နေ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ နာမည်ကြီးဖြစ်ပြီး ရာအိမ်မှူးအဆင့်မှ အုပ်ချုပ် ရေး မှူးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခံရသည်မှာ ၂ ရက်မျှပင် ကြာသေးကြောင်း သိရသည်။

 

မြို့နေပြည်သူများအနေဖြင့် ၎င်းပစ်ခတ်ရှင်းလင်းခံရမှုကို ပျော်ရွှင်နေကြပြီး နောက်ထပ်တက်လာ မည့် အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း ပြည်သူနှင့် ပူးပေါင်းခြင်းမရှိပဲ စစ်ကောင်စီအလိုကျ လုပ် ဆောင်မည်ဆိုပါက ကံကောင်းနိုင်တော့မည်မဟုတ်ဟု ဝေဖန်ပြောဆိုနေကြကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *