Mandalay News

0 0
Read Time:1 Minute, 53 Second

ဝမ်းတွင်းမြို့နယ်တွင် စစ်တပ် ကင်းပုန်းတိုးကာ ဖမ်းဆီးခံရသည့် MBT တပ်ဖွဲ့ဝင် ရဲဘော် မိုးကြိုး သတ်ပစ်ခံရ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၃

 

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် စစ်တပ် ကင်းပုန်းတိုးပြီး ဖမ်းဆီးခံရသည့် MBT တပ်ဖွဲ့ဝင် ရဲ‌ ဘော်မိုးကြိုးကို စစ်ကောင်စီတပ်သားများက သတ်ပစ်လိုက်ကြောင်း Myingyan Black Tiger -MBT တပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၃၁ ရက်နေ့က ဝမ်းတွင်းမြို့နယ်အတွင်း တပ်ဖွဲ့မှ ပေးအပ်သော တာဝန်ထမ်းဆောင်ရန် သွားရောက်သည့် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ရဲဘော် မိုးကြိုးကို စစ်ကောင်စီတပ် ကင်း ပုန်းစစ်သားများက ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးပြီးနောက် ရိုက်နှက်နှိပ်စက်ကာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“မစ်ရှင်တစ်ခုအတွက် သွားရင်းကနေ ကင်းပုန်းနဲ့တွေ့ပြီး အဖမ်းခံရတာ၊ ၃၁ ရက်နေ့မှာ ဖမ်းတယ်၊ ၁ ရက်နေ့မှ အသတ်ခံလိုက်ရတာ၊ အလောင်းလည်းပြန်မရဘူး။” Myingyan Black Tiger -MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

ပြည်သူ့ခုခံ တော်လှန်စစ်အတွက် တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရသော ရဲဘော် မိုးကြိုးသည် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် တာဝန်ကျေပွန်ခဲ့ပြီဖြစ်ပြီး ကျန်ရှိနေသော ပြည်သူ့ခုခံတော်လှန်စစ်အတွက် ကျန်ရှိနေသော MBTတပ်ဖွဲ့မှ ဆက်လက်တာဝန်ထမ်းဆောင်သွား မည် ဖြစ်ကြောင်း အသိပေးထားသည်။

Photo – MBT တပ်ဖွဲ့ဝင်များ

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *