ငဖဲမြို့နယ်တွင် လက်နက်ခဲယမ်းများသယ်ဆောင်ပြီး ဆုတ်ခွာလာသော စစ်ယာဉ်တန်းကို တိုက်ခိုက် မှု စစ်သား ၇ ဦး ထက်မနည်းသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ၊ စစ်ကား ၁ စီး မီးလောင် ပျက်စီး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၃
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးတွင် လက်နက်ခဲယမ်းများသယ်ဆောင်ပြီး ဆုတ်ခွာလာသော စစ်ယာဉ်တန်းကို တိုက်ခိုက် မှု စစ်သား ၇ ဦး ထက်မနည်းသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ၊ စစ်ကား ၁ စီး မီးလောင် ပျက်စီးခဲ့ကြောင်း Chin Defence Force – Asho က ထုတ်ပြန်သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က ငဖဲမြို့နယ်၊ နတ်ရေကန် လေ ကြောင်းရန် ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်ကာ ဆုတ်ခွာလာသော အင်အား ၁၀၀ ကျော်ပါ စစ်ယာဉ်တန်းကို ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ နတ် ရေကန်လမ်းဟောင်း၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) တပ်ဖွဲ့ဝင်များက တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၇ ဦး ပွဲချင်းပြီးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ထို့အပြင် စစ်ယာဉ်တန်း ၄ စီးအနက် ၁ စီးပျက်စီးပြီး ၁ စီးမီးလောင်သွားကြောင်း၊ စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၄ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောာင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား ရှင်းလင်းရေး လုပ်ဆောင်နေစဉ် ချင်းကာကွယ်ရေးတပ် – အရှို မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက် ပေးလှူခဲ့ရပြီး ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ် ပြန်ထားသည်။
Thanlwin Myanmar Media