ကော့သောင်းမြို့နယ်တွင် စစ်တပ်အတွက် ရိက္ခာပို့၊ လူသစ်စုဆောင်းပေးနေသူ ရန်အောင် ပစ်ခတ် ခံရပြီး သေဆုံး၊ ၎င်းပိုင် စစ်တပ်ရိက္ခာတင်ကိုလည်းမီးရှို့ဖျက်ဆီး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၂
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် စစ်တပ်အတွက် ရိက္ခာပို့၊ လူသစ်စုဆောင်းပေးနေသူ ထောက်တိုင်အကြီးစား ရန်အောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း ကော့ သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီခန့်က ကော့သောင်းမြို့နယ်၊ ရှမ်းကိုကျေးရွာအုပ်စု ၊ အောင်သာယာ ကျေး ရွာ အနီးတွင် စစ်တပ်ထောက်တိုင်အကြီးစား ကြံ့ဖွတ်ပါတီဝင် ရန်အောင်ကို ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး ပကဖ မှ ရှောင်တခင် ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း၊ ၎င်းပိုင်ကားကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။
“သူက အောင်သာယာရွာသားပါ၊ နံထွန်တပ်ကို ရိက္ခာတွေသွားပို့မယ့်အချိန် ရှောင်တခင် ဝင်ရောက် ရှင်းလင်းခဲ့တာပါ၊ ကားပေါ်က စစ်တပ်စခန်းကို ပို့မယ့် စားရိက္ခာတွေတော့ ရတယ်။ ကားကိုလည်း မီး ရှို့လိုက်ပြီ” ဟု ကော့ သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
သေဆုံးသူ စစ်ကောင်စီဒေါက်တိုင် အကြီးစားရန်အောင် သည် စစ်ကောင်စီ တပ်အတွက် စားနပ် ရိက္ခာများ၊ လက်နက်ခဲယမ်းများကို သယ်ယူပို့ဆောင်ပေးခြင်းနှင့် တော်လှန်ရေး သမားများ၏ သတင်းများအား စုံစမ်းထောက်လှမ်းကာ စစ်ကောင်စီထံ ပေးပို့ခြင်း၊ စစ်မှုထမ်းဥပဒေ ဖြင့် လူသစ်စု ဆောင်းရာတွင် အားကြိုးမာန်တက်ပါဝင်ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်မှုကို ရပ်တန့်ရန် တော်လှန်ရေးတပ်ဖွဲ့များက အကြိမ်ကြိမ်သတိပေးခံထားရသူဖြစ် ကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ သတင်းပေးများ၊ အုပ်ချုပ်ရေးမှူးများ ရာအိမ်မှူးများနှင့် ပျူစောထီးများ အစရှိသည့် စစ်ကောင်စီဒေါက်တိုင်အားလုံးသည် အချိန်မနှောင်းခင် ပြည်သူ့ဘက်ရပ် တည်၍ ပြည်သူနှင့် ပူးပေါင်းပေးကြပါရန်နှင့် ပြည်သူ့ဘက် ရပ်တည်ခြင်းမရှိသော မည်သူ့ကို မဆို ထိ ရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media