မြင်းမူမြို့နယ်အခြေစိုက် PDF တပ်ဖွဲ့စခန်းတစ်ခုကို ဝင်ရောက်စီးနင်းသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၂
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့စခန်းတစ်ခုကို ဝင်ရောက်စီးနင်းသော အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း Moe Nyo Revolution Force – MNRF ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၃ နာရီက မြင်းမူမြို့နယ်အခြေစိုက် Moe Nyo Revolution Force (M.N.R.F) စခန်းတစ်ခုတွင် ရဲဘော်ဘိုမင်းချီ၊ ရဲဘော်ဒိုးကြီး ၊ ရဲဘော်ပြည့်စုံတို့ ၃ ဦး တာဝန်ထမ်း ဆောင်နေစဉ်စစ်ကောင်စီလက်အောက်ခံတပ်သားများမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သဖြင့် အပြန် အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်မှ ဗိုလ် ၁ ဦး သေဆုံးပြီး M.N.R.F တပ်ဖွဲ့မှ အသက် ၁၈ နှစ်အရွယ် ရဲဘော် ဘိုမင်းချီ ကျဆုံးကာ ရဲဘော် မောင် ဒိုးကြီး၊ ရဲဘော်ပြည့်စုံ တို့ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖက်ဒရယ်ပြည်ထောင်စုနှင့် ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် အသက်ပေးလှူသွားခဲ့သော ရဲဘော် ဘိုမင်းချီသည် (M.N.R.F) တပ်ဖွဲ့ တပ်မှူး မိုးညို၏ ညီအငယ်ဆုံး တော်စပ်သူဖြစ်ပြီး အကို ဖြစ်သူ တပ်မှူး မိုးညိုအား ကာကွယ်ရန်အတွက် မကြာသေးသော အချိန်ကာလ တစ်မှ တပ်ဖွဲ့အ တွင်း ဝင်ရောက်လာသူဖြစ်ကြောင်း သိရသည်။
ကျဆုံးသူ ရဲဘော် ဘိုမင်းချီသည် စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းချိန် ကျန်တပ်ဖွဲ့ဝင် ရဲ ဘော်များ ဆုတ်ခွာနိုင်ရန် ကာပစ်ပေးရင်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ ကာ ကွယ်ပေးမှုကြောင့် စခန်းရှိ တပ်မှူးမိုးညိုနှင့် တကွ ကျန်ရဲဘော် ရဲဘက်များ ဘေးကင်းစွာ ဆုတ် ခွာနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရဲဘော် ဘိုမင်းချီ၏ ပေးဆပ်မှုသည် M.N.R.F တပ်ဖွဲ့အတွက်သာမက ပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ရေးအတွက်ပါ အများကြီးဆုံးရုံးနစ်နာရကြောင်း MNRF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
Photo – ကျဆုံးသွားသော MNRF တပ်ဖွဲ့မှ ရဲဘော် ဘိုမင်းချီ
Thanlwin Myanmar Media