Poem

0 0
Read Time:1 Minute, 5 Second

ကဗျာကဏ္ဍ “ရွှေညာသူ့ဇီဇ”

 

ပျိုးကြဲလက်

 

ယမံဆံ မဟူရာပိတုန်းနဲ့

ရွက်ပုန်းသီးကွယ့် အလှခေါင် ။

 

ပြုံးလိုက်ရင် နိမ္မာနရတိ

နတ်မိမယ်ယောင် ။

 

ရွှေညာသူတို့ မနွဲ့ပေါင်

သတ္တိပြောင်တယ် မဟာသွေး ။

 

ပြည့်ဝန်ကို မပြတ်တမ်း

ထမ်းနိုင်ပါ့လေး ။

 

ပါးပြင်မှာ သနပ်ခါးက

ဝင့်ကြွားပေါ့ အလှရှင်

 

ဖိနပ်ပုံတော် ထိုင်မသိမ်းနဲ့

ဖီးလိမ်းပြင်ဆင် ။

 

ဆံထုံးထုံးလို့ ပခုံးတွင်

ပုဝါတင်တော့ ဘယ်မရိုး ။

 

ပြည်တခွင် ဘယ်ညာလှမ်းတော့

နန်းဆန်တဲ့မျိုး ။

 

ပြည်သာရင် နတ်သမီးပေါ့

ပျက်စီးက စစ်တိုက်သူ ။

 

စစ်အောင်ချိန် ဓားကိုဝင့်လို့

အောင်လံလွှင့်ထူ ။

 

မိန်းမတို့ဘုန်း တလူလူ

မွှေးကြူကြူ သင်းပျံ့ဆဲ ။

 

လျှောက်လေရာ ဘဝလမ်းမှာ

ပြည့်ဝန်ထမ်းမြဲ ။     ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက် ည ၇ နာရီ ၁၅ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *