ကော့ကရိတ်မြို့နယ်၊ မြို့သစ်ကုန်းရွာအနီးသို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးထက်မနည်းသေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြို့သစ်ကုန်းရွာအနီး ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း Justice Solider PDF ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သား များသည် ကော့ကရိတ်မြို့နယ်အတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ရာ ကော့ ကရိတ်မြို့နယ်၊ မြို့သစ်ကုန်းရွာအနီးသို့ ဝင်ရောက်လာသဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်အကြာဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး ၃ ဦး ထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်သားများ အသုံးပြုသော MA -1 အ မျိုးအစား သေနတ် ၁ ၊ ခဲယမ်း၊ မိုင်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို နယ်မြေခံပူးပေါင်းတပ်ဖွဲ့ ၊ ကျားနဂါး (Southern Eagle) ၊ Justice Soldier PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်အတွင်း ပြည်သူ့စစ်မှုထမ်း (ပသစ)အပက်စဉ် ၁ သင်တန်းဆင်းတပ်သားများ အများ အပြားပါဝင်လာပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဉ် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း၊ ကျန်ရှိနေသော စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူ့ဆန္ဒနှင့်မဆန့်ကျင်ပဲ ပြည်သူနှင့်တ သားတည်း ရပ်တည်ကြပါရန် နှိုးဆော်ထားသည်။
Thanlwin Myanmar Media