Read Time:1 Minute, 2 Second
ကဗျာကဏ္ဍ “သမားယောင်”
ပျိုးကြဲလက်
စစ်ကြောရာ လက်လွန်သွားတဲ့
နာဖျားကျိုးကန်း ပြည်သူဆို ။
ကျူးလွန်သူ အမှုကင်းအောင်
ငြင်းရှောင်တတ်ကို ။
မှုခင်းစစ်မယ့် ဆရာဝန်မလို
သမားကိုကို ပညာစွမ်း ။
ကုသလို့ အမှုဖျောက်တယ်
အံ့လောက်ခမန်း ။
စစ်ခွေးမှာ အပြစ်ရှိက
ဖုံးဖိလို့ အကျိုးဆောင် ။
အာဏာ့ရှင် ဦးညွတ်ပေါ့
ကျင့်ဝတ်ကိုရှောင် ။
စစ်ဆေးတပ်က သမားယောင်
ခွေးကောင်တွေ မမေ့ဘူး ။
လူငယ်တွေ ဘဝမဲ့တယ်
အလှည့်စောင့်ဦး ။
စစ်ခွေးတွေ သတ်ထားတဲ့
မြို့ပြရဲ့ ပြည်သူတွေ ။
မဆိုင်ရာ ရောဂါတပ်လို့
လွှဲချတတ်ပေ ။
အရပ်ဘက်က ဝေလေလေ
နန်းစီတွေ ပါသေး ။
ခွေးရူးကောင်းစား တမွန်းတည့်
မှတ်ကြကွယ့်လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် မွန်းတည့် ၁၂ နာရီ ၉ မိနစ်
Thanlwin Myanmar Media