NUG News

0 0
Read Time:3 Minute, 16 Second

ညီညွတ်မှုမရှိပါက တစ်ဖွဲ့ချင်းဖဲ့ထုတ်ပြီး သွေးခွဲရေးလမ်းစဉ်ဖြင့် တော်လှန်ရေးအားအင်ချိနဲ့ စေရန် လုပ်ဆောင်လာမည်ဖြစ်သဖြင့် အတူတူရုန်းကန်ကျော်လွှားကြရန် NUG ဝန်ကြီးချုပ်တိုက်တွန်း

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၉

 

တော်လှန်ရေးတပ်ဖွဲ့တွေ ညီညွတ်မှုမရှိပါက တစ်ဖွဲ့ချင်းဖဲ့ထုတ်၍ သွေးခွဲရေးလမ်းစဉ်ဖြင့် တော်လှန် ရေးအားအင်ချိနဲ့စေရန် လုပ်ဆောင်လာမည်ဖြစ်သဖြင့် အတူတူရုန်းကန်ကျော်လွှားကြရန် NUG ပြည် ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၆/၂၀၂၅) တွင် ၎င်းက ထည့် သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“နှစ်ပေါင်းများစွာ တော်လှန်ရေးလုပ်လာကြတဲ့ တိုင်းရင်းသားအဖွဲ့တွေအတွက်ပဲ ဖြစ်ဖြစ်၊ နှစ်ပေါင်း များစွာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်လာကြတဲ့ တော်လှန်‌ရေး အင်အားစုတွေ အ တွက်ဖြစ်ဖြစ် ဒီတကြိမ်ကတော့ အမြစ်ဖြတ်ရမယ့်ပွဲလို့ စိတ်ထဲမှတ်ပြီး အချိန်မဆွဲကြပဲ အားလုံး အတူ တူ ရုန်းကြရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မညီညွတ်ရင် အရင့်အရင် ကာလတွေ လိုမျိုးပဲ တစ်ဖွဲ့ချင်းစီကို ဖဲ့ထုတ်ပြီး သွေးခွဲရေးလမ်းစဥ်နဲ့ တော်လှန်ရေးကို အင်အားချိနဲ့အောင် လုပ် လာမှာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးတွေ ထပ်ခါထပ်ခါဖြစ်မလာအောင် ကျွန်တော်တို့အားလုံး ရုန်းကန် ကျော်လွှားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးမန်းဝင်းခိုင်သန်းက ပြော ကြားသည်။

တော်လှန်ရေးတစ်ခုသည် အချိန်ကြာလာသည်အမျှ စိန်ခေါ်မှုများသည်လည်း ပိုများလာ တတ် ကြောင်း၊ လက်ရှိရင်ဆိုင်နေရသော ရန်သူသည် နှစ်ပေါင်းများစွာ ဒီမိုကရေစီအရေး လှုပ်ရှားသူများကို နည်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် နှိပ်ကွပ်ကာ နိုင်ငံတကာ မျက်နှာစာပေါ်ပြန်ပြန် တက် လာတတ်သည့် စစ် အာဏာရှင်များဖြစ်သောကြောင့် အထင်ကြီးစရာမလိုသလို အထင်သေး၍လည်း မရကြောင်း ပြည် ထောင်စုဝန်ကြီးချုပ်က သတိပေးထားသည်။

 

“ကျွန်တော်တို့အနေနဲ့ ရန်သူကို အထင်ကြီးစရာ မလိုသလို အထင်လည်းသေးလို့မရပါဘူး။ သူတို့ဟာ အချိန်တိုင်းမှာ ပြည်သူကို နှိပ်စက်ဖို့ အတွေးတွေအပြင် အချင်းချင်းသွေးခွဲဖို့ နည်းလမ်းရှာနေသူတွေ ဖြစ်သလို နိုင်ငံတကာမျက်နှာ စာပေါ်ကိုလည်း ရတဲ့နည်းနဲ့ တက်နိုင်ဖို့ ကြိုးစားနေကြမယ့်လူတွေ ဖြစ်ပါ တယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ သတိကြီးကြီးထားပြီး စောင့်ကြည့်နေဖို့လိုသလို ပြင်ဆင် သင့်တာတွေကို ကြိုပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *