Magway News

0 0
Read Time:3 Minute, 41 Second

မြိုင်မြို့မှ ပခုက္ကူမြို့သို့ ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၁ ဦး ထက်မနည်းသေဆုံး ၊ ခြေပြတ်လက်ပြတ်များကို လမ်းဘေးချုံထဲစွန့်ပစ်ခဲ့

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၉

 

မြိုင်မြို့မှ ပခုက္ကူမြို့သို့ ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးထက် မနည်းသေဆုံးပြီး ခြေပြတ်လက်ပြတ်အသားစများကို လမ်းဘေးချုံထဲစွန့်ပစ်ခဲ့ကြောင်း 8+အညာမြေ အင်အားစုထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နံနက်ပိုင်းက မြိုင်မြို့ပေါ်ရှိ စစ်တပ်လက်အောက်ခံ Non CDM ဝန်ထမ်းများကို ခေါ်ဆောင်ကာ ပခုက္ကူမြို့သို့ ထွက်လာသော ယာဉ် ၃၂ စီးနှင့် ခြေလျင်စစ်ကြောင်း ကို မြိုင်မြို့နယ်၊ ထန်းငယ်တောရွာနှင့် စဘေရွာကြားအရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ နောက်မွန်းလွဲ ၂ နာရီတွင် ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထိတွေ့မှုဖြစ်တာက ၃ ဦးသေတယ်။ မိုင်းထိတာက ၈ ဦးလောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေ လည်းတော်တော်များတယ်။ အသားစတွေ၊ လက်တို၊ လက်ပြတ်တွေကို လမ်းဘေးချုံတွေထဲမှာ လွှင့် ပစ်ထားတာ။ မြိုင်မြို့ပေါ်က Non CDM တွေကို လည်းခေါ်လာတယ်လို့ သတင်းရထားတာ။ အခု တော့ သူတို့ ကျောက်ဆောက်မှာ မီးတွေရှို့ပြီး ပြန်ထွက်နေပြီလို့ သိရတယ်။ အခုတော့ မီးရှို့နေတာ၊ မီးခိုးလုံးကြီးတွေ မည်းတက်နေတာ မြင်ရတယ်။ ပြည်သူတွေကတော့ အရင်ရက်တွေကတည်းက ရှောင်ထားတာ။” ဟု 8+အညာမြေ အင်အားစု သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော် ကိုရှိုင်းက ပြောကြားသည်။

ထို့နောက် ယာဉ်တန်းနှင့်စစ်ကြောင်းသည် စဘေရွာအနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် နင်းမိုင်း၊ ပေပါမိုင်းကွင်းထဲရောက်ရှိကာ မိုင်းထိပြီး စစ်သား ၈ ဦး ထက်မနည်းသေ ဆုံးကာ စစ်သားအများအပြား ခြေပြတ်လက်ပြတ်ဖြစ်၍ ပြတ်ထွက်သွားသော ခြေ၊ လက်၊ အသားစ များကို လမ်းဘေးချုံပုတ်ထဲသို့ စွန့်ပစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မူကို 8+အညာမြေတပ်ပေါင်းစု အဖွဲ့များဖြစ်သည့် M .V. P Revolution Force ၊ အလင်းတန်း ပြောက် ကျားတပ်ဖွဲ့ -မြိုင် ၊ UAV Fighter ၊ မဟူရာအလင်းတန်းပြောက်ကျားတပ်ဖွဲ့ ၊ Phonex People Defense Force ၊ Scopion People Defense Force ၊ ဌေးအောင်ပြောက်ကျား တပ်ဖွဲ့ ၊ ဇာမဏီဒရုန်း တပ်ဖွဲ့ နှင့် မြိုင်ပကဖ တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက် ဖိုက်တာ ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၉ နာရီ ၄၀ မိနစ် တွင် မြိုင်မြို့ နယ်၊ ကျောက်ဆောက်ကျေးရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူပြီး ပခုက္ကူမြို့နယ်ဘက်သို့ ဆက်လက်ထွက်ခွာနေကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *