Magway News

0 0
Read Time:2 Minute, 24 Second

စလင်းမြို့နယ်၊ တညောင်ရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၉

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားများ ထိခိုက်သေဆုံးမှုရှိကြောင်း နယ်စည်းမခြား ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က ဒရုန်းဖြင့် ဗုံးသီး ၄ လုံး၊ ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်က ဒရုန်းဖြင့် ဗုံးသီး ၆ လုံး တို့ဖြင့် စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သာားများနေထိုင်ရာ အဆောက်အအုံများ၊ ဘန်ကာများကို ထိမှန် ပျက်စီးမှုရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများလည်း ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“စခန်းမှာက ဆိပ်ဖြူဘက်ကနေ စခအင်အားတွေ ထပ်ဖြည့်ထားတယ်၊ စခအထိုင်စခန်းထဲကို တည့် တည့်ကျတာ ဗုံးသီး ၃ လုံးရှိတယ်။ ထိခိုက်မှုကတော့ ရှိတယ်လို့ သတင်းရထားတယ်။ အရေအတွက် ကတော့ စုံစမ်းနေတုန်းပါပဲ။ လက်နက်ကြီးနဲ့ကတော့ တစ်လုံးပြန်ပစ်တယ်။ လက်နက်ငယ်ကတော့ မနားတမ်းကို ပြန်ပစ်တာ၊ ဗုံးသီး ၁ လုံးချတိုင်းအတော်တော်ကို ပြန်ပစ်တယ်။ လက်ရှိစစ်ရေးအရှိန် မြှင့်တော့မှာမို့ ပြည်သူတွေအနေနဲ့ စခစခန်းနဲ့ အနီးအနားမှာ မနေကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု နယ်စည်းမခြား ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို နယ်စည်းမခြားဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း- ၁ ဒရုန်းအဖွဲ့ဦးဆောင်ကာ ဆိတ်ဖြူမြို့နယ် ပကဖအနောက်ပိုင်းဇုန် ၁ Ak၊ နှင့်စလင်း ပကဖဇုန် ၃ ကိုမြွေပွေးအဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက် ငယ်များ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *