ပေါက်မြို့နယ်၊ ကပစ ၂၄ အနီးတွင် မိုင်းဖြုတ်ယူသွားသည့် စစ်သား ၂ ဦး မိုင်းခွဲတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ် ၁ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၉
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်စက်ရုံ – ကပစ ၂၄ အနီးတွင် မိုင်းဖြုတ်ယူ သွား သည့် စစ်သား ၂ ဦးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဒုတက အောင်ဇော်မြင့် သေဆုံးသွားကြောင်း ဆိပ် ဖြူတကိုယ်တော် ကျားဇိုးက ကထုတ်ပြန်သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၅ နာရီခန့်က ပေါက်မြို့နယ်၊ ကပစ ၂၄ အနီးရှိ လင်းယုန် ဂိတ်အနောက်ဘက် ခွေးအူတောင်လမ်း၌ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထောင်ထားခဲ့သည့်မိုင်းကို စစ် ကောင်စီတပ်မှ ဒုတကအောင်ဇော်မြင့်နှင့် စစ်သား ၁ ဦးတို့ မိုင်း ဖြုတ် ယူပြီး သယ်သွားစဉ် အ ဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ထောင်ထားတဲ့ မိုင်းကို လာဖြုတ်ယူတာ၊ မိုင်းကိုကောက်ယူတဲ့အချိန် မိုင်းခွဲလိုက်တာ၊ ဒုတပ်ကြပ် အောင်ဇော်မြင့် အလောင်းက တစ်စစီဖြစ်သွားလို့ တာပါ။ ကျန်တဲ့ တစ်ယောက်ကလည်း အပြင်း အထန် ဒဏ်ရာရတယ်။” ဟု ဆိပ်ဖြူ တကိုယ်တော် ကျားဇိုးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူတကိုယ်တော်ကျားဇိုးနှင့်ပေါက်မြို့နယ် ဇုံ ၁ ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
Thanlwin Myanmar Media