Kachin State News

0 0
Read Time:2 Minute, 48 Second

ဗန်းမော်မြို့ရှိ အမတ ၃၆၆ တပ်စခန်းနှင့် ခလရ ၂၃၆ တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်၊ စကခ ၂၁ မကျဆုံးစေရေး စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်နေ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၉

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အမတ ၃၆၆ တပ်စခန်းနှင့် ခလရ ၂၃၆ တပ်စခန်းတို့ကို KIA ပူးပေါင်း တပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်လိုက်ပြီး စကခ ၂၁ မကျဆုံးစေရေး စစ်တပ်က လေကြောင်းဖြင့် အ ပြင်းအထန် တိုက်ခိုက်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၄ နာရီခန့်က ဗန်းမော်မြို့ရှိ စစ်အာဏာသိမ်း အကြမ်းဖက် အဖွဲ့၏ စကခ ၂၁ လက်အောင်ခံ အမြောက်တပ်က – အမတ ၃၆၆ တပ်စခန်းနှင့် ခလရ ၂၃၆ တပ် စခန်း တို့ကို ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့များက အပြီးသိမ်းပိုက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က စကခ ၂၁ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ယင်းစခန်းမကျဆုံးစေရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန်ခုခံတိုက်ခိုက် လျက်ရှိရာ ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက် တနေ့တည်းပင် MiG-29 ဂျတ်တိုက်လေယာဉ်ဖြင့် ၁၉ ကြိမ် ၊ အတွဲ လိုက် ဗုံးကြဲလေယာဉ် Y-12 ဖြင့် ၅ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ခဲ့ရာ ယနေ့ အထိ စစ်ကောင် စီ၏ သံချပ်ကာတပ်ရင်း၊ အမြောက်တပ်၊ လေယာဉ်ကွင်း၊ ခလရ ၂၃၆ ၊ တင့်ကားတပ်ရင်း အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကို KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိထားကြောင်း သိရ သည်။

 

ဗန်းမော်မြို့ကို အလုံးသိမ်းပိုက်နိုင်ရန် KIA ပူးပေါင်းတပ်ဖွဲ့က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း ဗန်းမော်မြို့ လက်လွှတ်မဆုံးရစေရေးအတွက် တိုက် လေယာဉ်၊ လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်း များအသုံးပြု ခုခံလျက်ရှိကြောင်း၊ အကြမ်းဖက်စစ် ကောင်စီ တပ်သည် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် KIA ထိန်းချုပ်နယ်မြေများမှ အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကိုပါ ဗုံးကြဲတိုက်ခိုက်နေသဖြင့် ပြည်သူများထည်း ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *