ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး ကား ၁ စီးပျက်စီး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၈
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင်အကြမ်းဖက်စစ်ကောင်စီ၏ စစ်ယာဉ် တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ကား ၁ စီးပျက်စီးခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက် ညနေ ၄ နာရီ ၁၀ မိနစ်က မုံရွာမြို့အခြေစိုက် အနောက်မြောက် တိုင်း စစ်ဌာနချုပ် – နမခ မှ စစ်ကိုင်းမြို့သို့ ထွက်လာသော သံပြားကာ ကား ၇ စီး အနက် တတိယ မြောက်ကားကို ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တနေရာအရောက် ပဒေသာ မိုင်း ၁၅ လုံးဖြင့် ၃ ပွိုင့်ခွဲ၍ မိုက်ဆွဲတိုက်ခိုက်ခဲ့ရာ ကားကို တည့်တည့်ထိ မှန်ပြီး စစ်သား ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စခအင်အားနဲ့ လက်နက်ခဲယမ်းတွေပါတဲ့ကားတွေပါ၊ ပျက်သွားတဲ့ကားကိုတော့ နတ်ရေကန်ဂိတ်မှာ ထားခဲ့တယ်။ ဒဏ်ရာရစခတွေနဲ့ သေတဲ့သူတွေတော့ စစ်ကိုင်းဘက်ကို သယ်သွားတယ်လို့ သတင်းရ တယ်။ မိုင်းဆွဲတိုက်ခိုက်ခဲ့တာက ကားတစ်စီးကို ထိမှန်ခဲ့ပေမယ့် ကားတစ်စီးလုံးကို မသိမ်းပိုက်နိုင် တာက ကျနော်တို့မှာ လက်နက်ခဲယမ်းအခက်အခဲတွေ ရှိခဲ့လို့ မသိမ်းပိုက်နိုင်ခဲ့တာဖြစ်တဲ့အတွက် ကျနော်တေု့ ပြည်သူတွေ အနေနဲ့ လက်နက်ခဲယမ်းလေးပါဝင်ကူညီထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံ ချင်ပါတယ်။ပြီးတော့ ဒီလိုမိုင်းဆွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အချိန်မှာ မိဘပြည်သူတွေအ နေနဲ့ မလိုအပ်ပဲ ခရီးသွားလာခြင်းတွေ မပြုလုပ်ကြဖို့၊ စစ်ကားတွေ လမ်းကြောမှာဖြတ်သွား၊ ဖြတ် လာလုပ်နေပြီဆိုရင် လည်း သူတို့နဲ့ အနီးကပ်မှာမနေကြဖို့ ထပ်မံမေတ္တာရပ်ခံချင်ပါတယ်” Royal Tiger Force ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ ထိမှန်ပျက်စီးသွားသော ကားကို နတ်ရေကန်ဂိတ်၌ ထားခဲ့ကာ သေဆုံး၊ ဒဏ်ရာရစစ်သားများ ကို အခြားများပေါ်သို့ တင်ဆောင်ကာ စစ်ကိုင်းမြို့သို့ သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Foce ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ်၁၂ တပ်ရင်း၊ တပ် ခွဲ ၊၃ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ် – ၁၅ တပ်ရင်း ၊ တပ်ခွဲ -၃ ၊ People Defense Force နှင့် Nway Oo Brothers Column (နွေဦးညီအကိုများစစ်ကြောင်း) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media