ကဗျာကဏ္ဍ “လားပင်စင်”
ပျိုးကြဲလက်
လူထုထံ သံကောင်းဟစ်က
ပြည်ချစ်တဲ့ ဝန်ထမ်းဗျို ။
စီဒီအမ် ငါမတွေး
မီးပေးဖို့ဆို ။
နင့်ပါးစပ်နဲ့ ပြည်သူကို
အိပ်မက်ချိုချို ပေးမြဲ ။
ကိုယ့်စကားကို ကိုယ်မေ့က
ပြည့်တန်ဆာပဲ ။
လက်နက်ကိုင် ခွေးတသိုက်နဲ့
ဓားပြတိုက်တဲ့ လူယုတ်မာ ။
ငွေမရရင် ခြေရာထပ်လို့
မီးဖြတ်ကြတာ ။
မီတာအခ ရတဲ့အခါ
လက်နက်ဝယ်ကာ လူသတ် ။
ပြည်သူကို ရန်သူမှတ်တယ်
ရပ်တန်းကရပ် ။
ရွှေပြည်မှာ လျှပ်စစ်က
သံကောင်းဟစ်တဲ့ ဝန်ထမ်းတွေ ။
သူပုန်ကို အလိုကျ
ကျွန်ခံကြပေ ။
ပူပြင်းလှတဲ့ မြန်မာ့နွေ
ရတက်ပွေ ဘဝများ ။
ပြည်သူတွေ ကိုယ်စီထလို့
နင့်မေကလွှား ။
နိုင်ငံတော် ပုန်ကန်မှု
ပေါင်းစုလို့ ပါဝင်လျှင် ။
မကြာမီ ရာဇဝတ်ဘေး
မျှော်တွေးသိမြင် ။
ပြည်သူတို့ရဲ့ တရားခွင်
လားပင်စင် ယူမလား ။
စစ်ခွေးနဲ့ ကင်းအောင်နေလို့
သေချာစဉ်းစား ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၅ နာရီ ၁၉ မိနစ်
Thanlwin Myanmar Media