ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ရေပူကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးကာ စစ်သုံ့ပန်း ၄ ဦး နှင့်အတူ လက်နက် ၅ လက်သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ရေပူကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦး သေဆုံးကာ စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – IPDF ထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၂ နာရီ ၃၀ မိနစ်က အကြမ်းဖက်စစ်ကောင်စီ၏ လက် အောက်ခံ PNO တပ်ရင်း ၁ နှင့် တပ်ရင်း ၇ တို့ပူးပေါင်း၍ အင်အား ၁၀၀ ကျော်ဖြင့် ညောင်ရွှေမြို့ နယ်၊ အင်းလေးဒေသ ရေပူကျေးရွာအနီးသို့ ထိုးစစ်ဆင်လာခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၃ နာရီခွဲခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းသေဆုံးပြီး ၄ ဦးကို သေနတ် ၅ လက်၊ ကျည်ဘောက် ၉ ဘောက်၊ ကျည်ဆံအချို့နှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း၊ အကြမ်းဖက်စစ် ကောင်စီတပ်က လေယာဉ်ဖြင့် ၃ ကြိမ် ၊ လက်နက်ကြီးဖြင့် အကြိမ်ရေ ၅၀ ခန့် ပစ်ကူပေးခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိဘဲ အောင်မြင်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ် ၁၀၀၉ တပ်ရင်းနှင့် မဟာ မိတ်တပ်များဖြစ်သော ပျားစစ်ကြောင်း ၊ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း-၂ PK-PDF-2 အမှတ် ၁၀၀၆ တပ်ရင်းနှင့် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media