Sagaing News

0 0
Read Time:4 Minute, 27 Second

ကလေးမြို့နယ်တောင်ပိုင်းရှိ ပျူစောထီး စခန်း ၄ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထပ်မံ သိမ်း ပိုက်ရရှိ၊ ကမ်းပါးနီစခန်းသိမ်းတိုက်ပွဲတွင် စစ်သား၊ ပျူအလောင်း ၁၅ လောင်းထက်မနည်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၇

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ပျူစောထီးစခန်း ၄ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထပ်မံ သိမ်းပိုက်ခဲ့ရာ စစ်သား၊ ကမ်းပါးနီစခန်းသိမ်းတိုက်ပွဲတွင် စစ်သား၊ ပျူအလောင်း ၁၅ လောင်း ထက်မနည်းတွေ့ရှိရပြီး လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်း CDF KKG ဗဟိုသတင်း နှင့်ပြန်ကြားရေး ဌာနထံက သိရသည်။

 

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး -ဂန့်ဂေါလမ်းမပေါ်ရှိ ကမ်းပါးနီ ကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူး ၁ ဦး ဦးဆောင်သော စစ်သား၊ ပျူစောထီး အင်အား ၇၀ ခန့်ရှိ ခံစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့သိမ်းပိုက်ခဲ့ရာ စစ်သား၊ ပျူအလောင်း ၁၅ လောင်းထက်မနည်းနှင့်အတူ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ အပြင် စစ်သုံ့ပန်း ၂၀ ကျော်ကိုလည်း ဖမ်းမိခဲ့ပြီး တော်လှန်တပ်ဖွဲ့ဝင်များလည်း ကျဆုံးမှုရှိကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ်စခန်းအား သိမ်းပိုက်ပြီးနောက်‌ မြေပြင်အနေအထားအရ တကြောတည်း ဖြစ်နေသည့် အောင်သာယာရွာသစ်၊ အောင်သာယာ ရွာဟောင်း၊ မှန်တောကျေးရွာနှင့် ကြံသာရွာတို့ ကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အပြင်းအထန်ခုခံခြင်းမရှိပဲ စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကတော့ ကမ်းပါးနီကိုသိမ်းတာပေါ့၊ မှန်တောမှာလည်း စခတွေထိုထားတဲ့စခန်းရှိတယ်။ ကမ်း ပါးနီကို သိမ်းပြီးတာနဲ့ တပြိုင်နက်တည်းပေါ့၊ ပျူတွေကို ဆက်တိုက်ဆက်တိုက်နဲ့ တိုက်ရင်း တိုက် ရင်းနဲ့ သူတို့ကလည်း ဆုတ်ဆုတ်သွားတဲ့အနေအထားပေါ့၊ ကမ်းပါးနီစခန်းကို ခံစစ်ပြင်ပြီးတော့ ပစ် တာမျိုးလုံးဝမရှိဘူး။ စခန်းအနေနဲ့ ၂ ခုတော့ကောင်းကောင်းလေးတိုက်လိုက်ရတယ်။ ကျန်တဲ့ ၂ ခု ကျ တော့ ကောင်းကောင်းမတိုက်လိုက်ရပဲနဲ့ ဆုတ်သွားတဲ့အနေအထားပေါ့၊ အဲဒီဘက်ကစခန်းတွေ က ဆက်နေလို့မရတဲ့အတွက် တပ်ဆုတ်သွားတဲ့ သဘော ဖြစ်သွားတာ။ ကမ်းပါးနီကျသွားတော့ အဲဒီ ဘက်စခန်းတွေက လုံခြုံမှုမရှိတော့တဲ့ အတွက် တိုက်တော့တိုက်လိုက်ရပေမယ့် ကမ်းပါးနီလို့ ခက် ခက် ခဲခဲကြီး တိုက်လိုက်ရတာမဟုတ်ဘူး။” ဟု CDF KKG ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို တပ်ရင်း ၅ တပ်ရင်း၊ တပ်ရင်း ၆ အပါအ ဝင်တော်လှန်ရေးတပ်ဖွဲ့ များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးကျေးများအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

“ဟုတ်တယ် လက်နက်တွေလည်း တော်တော်လေးရလိုက်တယ်။ ကမ်းပါးနီမှာက တိုက်ပွဲကလည်း လုံးဝ ကြမ်းခဲ့ တာဆိုတော့ အလောင်းတွေကတော့ တော်တောများများရတယ်။ ပျူမှန်းမသိ၊ စစ်သား မှန်း မသိ အလောင်းဆိုတော့ ဘယ်ဟာဘယ်နှစ်လောင်းဆိုတာ ခွဲမသိရဘူး။ ပျူတွေများတယ်လို့ သိ ရတယ်။ စစ်သားအလာင်း ၁၅ လောင်း၊ ၁၆ လောင်းလောက်ကတော့ တွေ့ရတယ်လို့ ပြောတယ်။” ဟု CDF KKG ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

 

ကမ်းပါးနီစခန်းသိမ်းပိုက်ခံရပြီးနောက် ပြည်သူလူ ထုနေထိုင်ရာကျေးရွာများကို ပစ်မှတ်ထားကာ အ ကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေသဖြင့် လေကြောင်းအန္တရာယ် ကာကွယ်ရေး ဗုံးခိုကျင်းများ တူးထားကြရန် CDF KKG က မေတ္တာရပ်ခံတိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *