Poem

0 0
Read Time:1 Minute, 5 Second

ကဗျာကဏ္ဍ “ရာဇဒဏ်”

 

ပျိုးကြဲလက်

 

အထွေထွေ အုပ်ချုပ်ရေးက

စစ်ခွေးထက် ပျော်သကို ။

 

ဥပဒေ ရောင်ပြန်ဟပ်လို့

လာဘ်လာဘပို ။

 

စစ်မှုထမ်းတဲ့ ဥပဒေလို

အမိန့်ချိုချို ထုတ်ပါဦး ။

 

အုပ်ကြီးကတော် ရမ္မက်ဖုံးတယ်

ပြုံးရွှင်လို့မြူး ။

 

လူယုတ်မာ ဉာဏ်ရည်နုပ်တဲ့

အုပ်ချုပ်ရေးမှူး လက်အောက်မှာ ။

 

ရာဇဝတ်မှုတွေ ပွစာတက်ပေါ့

မြို့ပျက်ရရှာ ။

 

ပြုပြင်ဖို့ မရေရာ

ဂွင်ရှာကာ မော်ကြွား ။

 

စစ်ကျွန်ခံ တုပ်ကွတယ်

သဘောက်မသား ။

 

မှန်ရာကို မျက်ကွယ်ပြုတဲ့

လူထုရဲ့ ရာဇဝတ်ကောင် ။

 

အမည်ခံ ပြည့်ဝန်ထမ်းပေါ့

ရမ်းကြကွယ့်မောင် ။

 

ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းပြောင်

ခွေးကောင်တွေ မကြာဘူး ။

 

တို့ပြည်သူ အောင်လံထပ်မှ

ပေးဆပ်ကြဦး ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁၁ နာရီ ၁၂ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *