Mon State News

0 0
Read Time:1 Minute, 41 Second

ကျိုက်မရောမြို့နယ်၊ ကော့ဒွန်းကော့ပနော့ လမ်းဆုံရှိ DKBA ဂိတ်နှင့် ခရီးသွားပြည်သူကားများကို စစ်တပ်က ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကား ၃ စီး ထိမှန်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၇

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဒွန်းကော့မနာလမ်းဆုံရှိ DKBA စစ်ဆေးရေး ဂိတ်နှင့် ခရီး သွားပြည်သူကားများကို စစ် ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကား ၃ စီးထိမှန်ပျက်စီး ခဲ့ကြောင်း Mon Liberation Army က ထုတ်ပြန်သည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်က ကျိုက်မရောမြို့နယ်၊ စံပယ်ဂူတံတား၌ တပ်စွဲထားသော အ ကြမ်းဖက် စစ်ကောင်စီ၏ အရှေ့ တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၂၀၈ တပ်ရင်းမှ ဒရုန်းတပ်ဖွဲ့က ကော့ဒွန်းကော့ပနော့ လမ်းဆုံရှိ DKBA တပ်ဖွဲ့ စစ်ဆေးရေး ဂိတ်နှင့် ခရီးသွားပြည်သူ ကား များကို နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ဒရုန်းဖြင့် ဗုံးသီး ၂ လုံး၊ မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် ဗုံးသီး ၁ လုံး၊ ၁ နာရီ ၉ မိနစ်တွင် ဗုံးသီး ၁ လုံထပ်မံကျဲချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ စစ်ကောာင်စီတပ်ဖွဲ့၏ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူများ ထိခိုက်မှု မရှိခဲ့ သော်လည်း ပြည်သူပိုင် ခရီးသွားကား ၃ စီး ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *