Magway News

0 0
Read Time:3 Minute, 12 Second

စစ်တပ်အတွင်း အထက်အရာရှိများ ညှင်းပန်းနှိပ်စက်မှုရှိကြောင်း ထွက်ပြေးလွတ်မြောက်လာသူ တက စံမိုးက ပြော (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၇

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ရွာဂိတ်စခန်းတွင် စစ်သား အချင်းချင်း ညှဉ်းပန်းနှိပ်စက်မှုခံရ မှုကြောင့် ထွက်ပြေးလာသည့် တက စံမိုးက စစ်တပ်အတွင်း အထက်အရာရှိများက ညှင်းပန်းနှိပ်စက် မှုရှိကြောင်း ဝန်ခံထွက်ဆိုသည်။

 

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာဂိတ်တွင် တာဝန်ကျနေသော ခလရ ၂၅၄ တပ်ရင်းမှ တက စံမိုးသည် အထက်အရာရှိများ၏ ညှင်းပန်းနှိပ်စက် ထိုးကြိတ်မှု ဒဏ်ကို မခံတော့သဖြင့် ဖေဖော်ဝါရီလ ၁၅ ရက် နေ့ မွန်းလွဲ ၁၂ နာရီခန့်က ထွက်ပြေးလာခဲ့ရာ  ပခုက္ကူမြို့နယ် အခြေစိုက် Burma Revolution Rangers အဖွဲ့က သွားရောက် ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကယ်ထုတ်ပြီးနောက် တပ်အတွင်းအခြေအနေများကို မေးမြန်းရာ ၎င်းက –

 

“တပ်တွင်း ညှဉ်းပန်းနှိပ်စက်မှုကတော့ တပ်ထဲမှာ ခဏခဏ ကျနော် အချုပ်ထဲရောက်ပါတယ်။ အင် ပင်စခန်းမှာဆိုရင် ကျနော့်ဆိုရင် ထိုးလိုက်ကြိတ်လိုက် ရိုက်လိုက်နှက်လိုက် ဖက်ထိပ် ဆိုရင်လည်း သူများ ထပ်ပိုလုပ်ရတယ်။ ရဲဆိုလည်း အဲတတောင်းစားတွေနဲ့ ယှဉ်ပြီးတော့ ကျနော်တို့ကို ဆဲဆိုပါ တယ်။ ရဲဆိုတဲ့ တတောင်းစားတွေကလည်း ဘာ-‌ေ-စာ-က်ကျင့်မှ မကောင်းဘူး။ ပြည်သူလူထုကို ဒုက္ခပေးတာများတယ်။ ပြည်သူတွေရဲ့ ဆီကား ဆန်ကားတွေကိုလည်း မတရား ငွေညှစ်တယ်။ ကုန် ကားအစ အကုန်လုံးကို ငွေညှစ်တယ်။ ဆီဆိုရင်လည်း ၁ ပုံးဆိုရင် ပိုက်ဆံ ၅၀၀၀ ကောက်တယ်။ အဲကောက်တဲ့ ပိုက်ဆံကိုလည်း သူတို့ အိတ်ထဲ သူတို့ထည့်ပါတယ်” ဟု ပြောဆိုသည်။

 

လက်ရှိချိန်တွင် ခလရ ၂၅၄ တပ်ရင်း၌ နောက်ချန် အင်အားအဖြစ် ဒဏ်ရာရ စစ်သားများသာ ကျန်ရှိ တော့ပြီး အင်ပင်စခန်းတွင်လည်း ဒဏ်ရာရ ရဲ ၂ ဦးနှင့် စစ်သား ၁ ဦး ရှိပြီး အင်အား ၁၅ ဦးခန့်သာရှိ ကြောင်း၊ စစ်တပ်ထဲတွင် ဆက်လက် တာဝန်ထမ်းဆောင်နေသူများ အနေဖြင့် နောင်တရသင့်ပြီ ဖြစ် ပြီး လစာရိက္ခာ အနည်းငယ်နှင့် တိရိ စ္ဆာလို ခိုင်းနေကာ အသက်အသေခံ၍ တိုက်ခိုက်ခိုင်းနေသည့် အတွက် နောင်တရ သင့်ပြီဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။

 

ထိုသို့ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ကြပ် စံမိုးကို ကယ်ထုတ်ချိန်တွင် ရိုက်နှက် ထိုးကြိတ်ခံထားရသော ဒဏ်ရာများကြောင့် မျက်နှာနှင့် ခြေလက်များ ရောင်ရမ်းနေ၍ Burma Revolution Rangers အဖွဲ့က ဆေးကုသမှုများလုပ်ဆောင်ပေးကာ ထိန်းသိမ်းထားပြီးစစ်ဆေး မေး မြန်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *