ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာကို ဝင်ရောက်လာသော စစ်ကြောင်းအား တိုက်ခိုက်မှု စစ်သား ၁၀ ဦး ထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ရမ်း သမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၆
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ် ရင်း – ပုလော PDF တပ်ဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၈ နာရီခန့်က ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုး လာသည့် ဖက်ဆစ်စစ်ကောင်စီတပ်ကို ရှပ်ပုံရွာထိပ်၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ ကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင်လည်း ရှပ်ပုံကျေးရွာ ၊ ဆီတောင်အနီးတွင် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား များအထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင်လည်း ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ ရေချိုကျေးရွာသို့ တောလမ်းမှတဆင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ပြီး တော်လှန်ရေးတပ် ပေါင်းစု၏ တန်ပြန်ထိုးစစ်ကို မခံနိုင်ပဲ အထိနာသွားသော အကြမ်းဖက်စစ်တပ်သည် လေကြောင်း ၊ ရေကြောင်းမှ ပစ်ကူယူကာ ကယ်ထုတ်ရန် ကြိုးစားခဲ့ကြောင်း သိရသည်။
ညနေ ၃ နာရီ ဝန်းကျင်၌လည်း အကြမ်းဖက်စစ်တပ်က Mi 2 ရဟတ်ယာဉ်ဖြင့် ဗုံးအလုံး ၂၀ ကျော်ကျဲ ချခဲ့ပြီး ရေတပ်ကပါ လက်နက်ကြီး များဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ ထိုကြောင့် စစ်ကောင်စီတပ်သား များ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲဖြစ်စဉ်များ အတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးကာ ဖက်ဆစ်တပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ပုလောမြို့ကနေ ထွက်လာတဲ့ စစ်ကြောင်းပါ၊ တိုက်ပွဲတွေအတွင်းမှာ စကစဘက်က ၁၀ ဦး ထက်မ နည်း ထိခိုက်သေဆုံးပါတယ်။” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း – ပုလော PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ကရင်အမျိုး သား ကာကွယ်ရေးတပ် (KNDO) ၊ တပ်ရင်း ၇ နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ရဲဘော် ၂ ဦး မစိုး ရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media