အင်းစိန်ထောင်အတွင်းမှ လွတ်ရက်စေ့ ရိုဟင်ဂျာ ၉၀၀ ဦးကျော်ကို စစ်တပ်၊ ရဲတပ်ဖွဲ့တို့က ခေါ်ထုတ် သွားပြီး ရခိုင်ပြည်နယ် ၊ စစ်တွေမြို့သို့ ရေကြောင်းအတိုင်းပို့ဆောင်မည်
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၆
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်းမှ လွတ်ရက်စေ့ ရိုဟင်ဂျာ ၉၀၀ ဦးကျော်ကို စစ်တပ် ၊ ရဲ တပ်ဖွဲ့တို့ ပူးပေါင်းခေါ်ထုတ်သွားပြီး တိုက်ပွဲဖြစ်နေသည့် ရခိုင်ပြည်နယ် ၊ စစ်တွေမြို့သို့ ရေကြောင်း အတိုင်း ပို့ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၆ နာရီခန့်က ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်းမှ လွတ်ရက်စေ့ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်များအပါအဝင် ၉၃၆ ဦးကို စစ်တပ်၊ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ Express (ခရီးသည်တင်ယာဉ်)များဖြင့် ခေါ်ထုတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ခေါ်ထုတ်သွားသူများ အနက် လွတ်ရက်စေ့ပြီးသည့် ရိုဟင်ဂျာအမျိုးသား ၁၈ ဦးမှ လွဲ၍ ကျန်ရို ဟင်ဂျာ အမျိုးသား ၅၈၄ ဦး၊အမျိုးသမီး ၂၆၇ ဦး၊ကလေး ၆၇ ဦးတို့ကို တိုက်ပွဲဖြစ်ပွား နေသည့် ရခိုင် ပြည်နယ် ၊ စစ်တွေမြို့သို့ ရေကြောင်းအသုံးပြု၍ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရိုဟင်ဂျာများကို မခေါ်ထုတ်မီ ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စနေ့နေ့ ရုံးပိတ်ရက်ဖြစ် သော်လည်း လဝက ဝန်ထမ်း ၅၀ ဦးကျော်တို့မှ အင်းစိန် အကျဉ်းထောင်အတွင်း ဝင်ရောက်၍ အဆို ပါ ရိုဟင်ဂျာ ၉၃၆ ဦး တို့ကို အထောက်အထားကဒ်များ ပြုလုပ်ပေးခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်ပေးခဲ့ သော်လည်း မည်သည့် ကဒ်အမျိုးအစားများ ပြုလုပ်ပေးသည်ကို ဆက်လက်အတည်ပြုနိုင်ရန် ကြိုး စားလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် – PPNM က အသိ ပေးထားသည်။
အင်းစိန်အကျဉ်းထောင်အတွင်းမှ ခေါ်ထုတ်သွားခြင်းခံထားရသည့် ရိုဟင်ဂျာ ၉၃၆ ဦးသည် အင်း စိန်အကျဉ်းထောင်တစ်ခုအတွင်းမှ ရိုဟင်ဂျာများသာ မဟုတ်ပဲ စစ်ကောင်စီလက်အောက်ရှိ အကျဉ်း ထောင်အသီးသီးမှ ဖမ်းဆီးချုပ်နှောင်ထားသည့် ရိုဟင်ဂျာများအား ပြီးခဲ့သည့် ရက်များအတွင်းက ၎င်းတို့ကို ချုပ်နှောင်ထားသည့်အကျဥ်းထောင်များမှတဆင့် အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံထား ရသူများလည်းပါဝင်ကြောင်း သိရသည်။
PPNM မှ ရရှိခဲ့သည့် အချက်အလက်များအရ လွတ်ရက်စေ့ကာလ ကြာမြင့်သည့်တိုင်အောင် မလွှတ် ပေးခဲ့သည့်အပြင် အချို့ရိုဟင်ဂျာများမှာ တစ်နှစ်ခွဲကျော်သည်အထိ အကျဉ်းထောင်တွင်း ထပ်မံ ချုပ် နှောင်ခံခဲ့ရသူများလည်းကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် – PPNM ထုတ်ပြန်ပြောဆိုသည်။
Thanlwin Myanmar Media