TNLA News

0 0
Read Time:1 Minute, 45 Second

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံရန် PSLF/TNLA မှ ဒုဗိုလ်ချုပ်ကြီး တားဂျုပ်ဂျားနှင့် အဖွဲ့ တရုတ်နိုင်ငံ ကူမင်းမြို့သို့ရောက်ရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၅

 

စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံရန် PSLF/TNLA မှ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနှင့် အဖွဲ့ တရုတ်နိုင်ငံကူမင်းမြို့သို့ ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရောက်ရှိနေပြီဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ တရုတ်နိုင်ငံ၏ ကြားဝင် စေ့စပ်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲရေး စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးရန် ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး-PSLF/TNLA ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး-PSLF/TNLA မှ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ ဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

အလားတူ စစ်ကောင်စီဘက်မှလည်း MNDAA ကိုးကန့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ (၁) မှူး ဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *