မုံရွာ-အရာတော်လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၉ ဦး သေဆုံးပြီး ၇ ဦးအရှင် ဖမ်းမိကာ စစ်ကားအကြီး ၅ စီး၊ ၁၂၂ မမ အမြောက်ဆံများအပါအဝင်ခဲယမ်းအများအပြား သိမ်းဆည်း ရရှိ (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၅
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မုံရွာ -အရာတော်လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိကာ စစ်ကားအကြီး ၅ စီး ၊ ၁၂၂ မမ ဟောင်ဝှစ်ဇာလက်နက် ကြီးကျည်များအပါအဝင် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း Brothers Revolution Force – Monywa တပ်ဖွဲ့က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်မှ ထွက် လာသော စစ်ကား ၁၀ စီးကို မုံရွာ -အရာတော်လမ်းပိုင်းတနေရာတွင် အမျိုးသား ညီ ညွှတ်ရေးအစိုးရ၊ အမှတ် ၁ စစ်ဒေသ ၊ မုံရွာခရိုင် ကွပ်ကဲရေးမှူး၏ ညွှန်ကြားမှုဖြင့် ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ် ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထို့အပြင် စစ်ကားအကြီး ၅ စီး ၊ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ဆံ ၁၅ လုံး၊ RPG ဗုံးသီး အလုံး ၂၀၊ 5.56 ကျည် ၄၀၀၀ တောင့် ၊ 7.62 ကျည် ၅၀၀၀ တောင့် ၊ ဒရုန်းဗုံးသီး ၂၀ လုံး၊ ၆၀ မမ ဗုံးသီး ၂၇ လုံး၊ မိုင်းမျိုးစုံ ၃၀ ၊ နင်းမိုင်း ၄၅ လုံး၊ Jammer စက်ကြီး ၃ လုံး၊ စက်အသေး ၂ လုံး၊ G3 အမျိုးအစား သေ နတ် ၂ လက်၊ MA4 အမျိုးအစား သေနတ် ၁ လက်၊ အူဇီ – Uzi အမျိုးအစား သေနတ် ၁ လက် ၊ ၄၀ မမ ဗုံးသီး ၃ လုံး ၊ ကျောပိုးအိတ် ၅ လုံး၊ ယူနီဖောင်း ၂ စုံနှင့်အတူ အခြားဆက်စပ်ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Brothers Revolution Force Monywa ၊ ဗျူဟာ ၆၆ စစ်ကြောင်း (မုံရွာခရိုင် တပ်ရင်း – ၁၉ ၊ တပ်ရင်း ၂၁၊ တပ်ရင်း၂၆) ၊ မုံရွာခရိုင်တပ်ရင်း ၂၇၊ တပ်ရင်း ၂၀ ၊ တပ်ရင်း ၂၂ ၊ တပ် ရင်း ၁၈ ၊ တပ်ရင်း၂၄ ၊ အရာတော်မြို့နယ် ပကဖ ၊ မုံရွာမြို့နယ်ပကဖ တိုက်နယ်အမှတ် ၂ ၊ အရာ တော်မြို့နယ် ပလဖ၊ BLDF ၊ Golden Eagle Force ၊ Venomous Revolution Force ၊ Special Revolution Force အဖွဲ့နှင့် အခြားမဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media