Read Time:1 Minute, 7 Second
ကဗျာကဏ္ဍ “ဖမ်း”
ပျိုးကြဲလက်
သရုပ်ဆောင်ရာ စံပြကွယ့်
ပြည်ပမှာ ဖွားတဲ့မောင် ။
နိုင်ငံကို တကယ်ချစ်လို့
စစ်မှုထမ်းဆောင် ။
ရှေ့တန်းက သတ္တိပြောင်
နိုင်ငံ့ဂုဏ်ရောင် တက်သေး ။
ပြည်သူတွေ အားကျအောင်
စံပြကွယ့်လေး ။
အခွင့်အရေးမှာ ရှေ့ဆုံးက
သုံးမရတဲ့ သရုပ်ဆောင် ။
မြန်မာ့မြေ လူလာဖြစ်လို့
စစ်မှုပြေးရှောင် ။
တပ်ချုပ်ကြီးလည်း မနိုင်ပေါင်
အူကြောင်ကြောင် မြှောက်သေး ။
ကျော်ကြားသူ စစ်ရှောင်လွှဲတော့
ရဲဘော်တွေပြေး ။
လူချမ်းသာ စစ်မှုထမ်းမှ
တပ်ဝမ်းဗိုက် ပြည့်ရမှာ ။
လူမွဲတွေ တပ်မှာထပ်က
ရိက္ခာပြတ်ရာ ။
နောက်မကျဘူး ဆုံးဖြတ်ကာ
လူချမ်းသာ ရအောင်ဖမ်း ။
ဆယ်လီတွေ တပ်ထဲထည့်မှ
ပြည်အေးမယ့်လမ်း ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် အစောပိုင်း ၁ နာရီ ၁၄ မိနစ်
Thanlwin Myanmar Media