Bago News

0 0
Read Time:2 Minute, 1 Second

တောင်ငူမြို့နယ်၊ မွန်ကုန်းရွာအနောက်ဘက်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၅

 

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ မွန်ကုန်းရွာအနောက်ဘက်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း ကမ်းနီကြားကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က တောင်ငူမြို့နယ်၊ တောင်ငူ -လိပ်သိုလမ်းတ လျှောက် အင်အား ၁၀၀ ခန့်ဖြင့် နယ်မြေရှင်းလင်းရေး ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မွန်ကုန်းရွာ အနောက်ဘက် လေးဒူးချောင်းအနီးအရောက် တော်လှန်ရေးတပ်ဖွဲ့ ဝင်များက ကြားဖြတ်ခဲ့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ကြားဖြတ်တိုက်ခိုက်မှုသည် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က အင်အား များ ပြားမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“တောင်ငူမြို့ကနေ ထွက်လာတဲ့စစ်ကြောင်းပါ၊ သေဆုံးထိခိုက်မှုနောက်ဆက်တွဲတော့ မကြားရ သေးဘူး။ စစ်ကြောင်းကတော့ လိပ်သို့ဘက်ကို တဖြေးဖြေးဆက်သွားနေတုန်းပါပဲ။” ဟု ကမ်းနီကြား ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟာ ၂ တပ်ရင်း ၅ လက်အောက်ခံ ကမ်းနီကြားကာကွယ်ရေး တပ်ဖွဲ့ မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *