Poem

0 0
Read Time:1 Minute, 27 Second

ကဗျာကဏ္ဍ “ပြည်သူ့ရင်သွေး”

 

ပျိုးကြဲလက်

 

အာကာယံ ဝေဟင်ထဲက

ဗုံးကြဲတဲ့ လေသူရဲမောင် ။

 

ပြည်သူကို ဒုက္ခပေးလို့

သတ္တိသွေးကြောင် ။

 

နင့်လက်ချက်နဲ့ စစ်ဘေးရှောင်

စည်းစိမ်ပြောင်အောင် ဖျက်သား ။

 

ခါတလေ

သေသူတွေ ဆန်းစစ်က

တပ်မတော် ဆွေမျိုးထုနဲ့

မိသားစုများ ။

 

အာဏာ့ရှင် လူတစ်စုက

ကျွန်ပြုတဲ့ လူပြိန်းတွေ ။

 

ကြည်းရေလေ တပ်တော်တွင်းက

လူဖျင်းတို့ရေ ။

 

ပြည်သူတို့ မပြတ်သေ

နင့်ဆွေမျိုးတွေ မပါလား ။

 

ဗုံးကြဲသူ လေသူရဲက

ကြိတ်လဲ ခံသား ။

 

တပ်ချစ်သူနဲ့ တပ်မတော်သား

ခံငြားကွယ့် သူရဲကို ။

 

ပြည်သူတွေ တစ်ယောက်တအားနဲ့

စွန့်စားလို့ဖြို ။

 

ဗုံးကြဲလိုက်လို့ အသက်တို

မဆိုင်သူကို ထိငြား ။

 

လေသူရဲတို့ ဆွေမျိုးထု

ဝဋ်စုစေသား ။

 

သတ္တိပြောင် မှန်ရာရပ်တဲ့

ပြည်ချစ်တပ်သား သူငယ်ချင်းရေ ။

 

ကြည်းရေလေ တပ်အတွင်းက

ဖရဲခင်းတွေ ။

 

လေသူရဲနဲ့ သတင်းအထွေထွေ

တော်လှန်မြေ ပို့ပေး ။   ။

 

ရဲဘော်သာ သည်လူထုရဲ့

ပြည်သူ့ရင်သွေး ။   ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *