Poem

0 0
Read Time:56 Second

ကဗျာကဏ္ဍ “ဘဝမဲ့ငယ်ကျွန်”

 

ပျိုးကြဲလက်

 

ရဲမက်ဆို သေလမ်းမို့

ခွေနွမ်းလို့ ရှိမူ

စွေကန်းတို့ အကြံတူတယ်

အလံဖြူ ထောင်မြဲ ။

 

ငါ့ပိုင်နက် ဝေဟင်မယ်

လေယာဉ်ရယ် ဗုံးလိုက်လို့ကြဲ ။

 

ကျွန်မျိုးက သစ္စာကို

ပစ်ခွာလို ဖောက်ဆဲ ။

 

ပုန်ကန်ရင် ပေါက်ကွဲလို့

ခြောက်မြဲပေါ့ ငယ်ကျွန် ။

 

မိသားစု ချုပ်ထားက

အဟုတ်သား နစ်နိုင်တဲ့နွံ ။

 

နင့်တို့ရဲ့ ခန္ဓာ့ဝန်ကို

တမလွန် ဝေကြပေါ့

ငါနေရ ပျော်ပေကို

ကာကွယ်ကြဆို ။

 

ငါ့မယား မျက်နှာညိုရင်

ဆက်ခါပို စောင့်ရှောက်ကွယ့်လေး ။

 

ငါ့ရင်သွေး စေရာကိုကွယ်

သေရွာဆို ထမ်းစေကွယ်လေး ။    ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ညနေ ၄ နာရီ ၅၀ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *